ဒါကာမြို့မှာ ရိုဟင်ဂျာအရေး ဆန္ဒပြသူတွေကို တားဆီး

  • 18 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ရဲဘက်က အင်အားသုံးမှုတွေနဲ့ ဖမ်းဆီးမှုတွေရှိတယ်လို့ ဆန္ဒပြသူတွေဘက်က ပြော

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို နှိမ်နင်းမှုတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ပါတီတခု ဦးဆောင်တဲ့ ဆန္ဒပြသူ ၆၀ဝ၀လောက်ကို မြန်မာနယ်စပ်မှာ ဆန္ဒပြဖို့ စီစဉ်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က ရဲတွေက ဒီအစီအစဉ်ကို တားဆီးခဲ့တယ်လို့ သိရပါတ

ဒီဆန္ဒပြမှုကို ဦးဆောင်တဲ့ ပါတီကတော့ အစ္စလာမ္မီ အင်ဒိုလန် ဘင်္ဂလားဒေ့ရှ်ပါတီဖြစ်ပြီး ဒါကာမြို့က ဗလီတခုဖြစ်တဲ့ ဘေတူ မူကရန် ဗလီရှေ့မှာ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချတဲ့ စာတန်းတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပြီး ရဲတွေက အင်အားသုံးမှုတွေနဲ့ ဖမ်းဆီးမှုတွေရှိတယ်လို့ ဆန္ဒပြသူတွေဘက်က ပြောပါတယ်။

လတ်တလောကာလမှာ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာသူ ရိုဟင်ဂျာမူဆလင် အရေအတွက် သောင်းနဲ့ချီပြီးရှိခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က လက်မခံခဲ့ပြီး နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ