ဗင်နီဇွဲလား ငွေစက္ကူ ရုပ်သိမ်းမယ့် အစီအစဉ် ဆန္ဒပြမှုတွေကြောင့် ဆိုင်းငံ့

  • 19 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption မြို့ကြီး တွေမှာ စစ်တပ် က လုံခြုံရေး ရယူ ထား

ဗင်နီဇွဲလား နိုင်ငံမှာ အစိုးရက တစ်ရာတန် ဘိုလီဗာ ငွေစက္ကူ တွေ ကို ရုပ်သိမ်း ဖို့ စီစဉ် ခဲ့ပေမယ့် လုယက်မှုတွေ နဲ့ ဆန္ဒပြမှု တွေကြောင့် ငွေစက္ကူ ရုပ်သိမ်း မယ့် အစီအစဉ် ကို ဆိုင်းငံ့ ခဲ့ရပါတယ်။

ဗင်နီဇွဲလား နိုင်ငံ က မြို့ကြီး တွေမှာ စစ်တပ် က လုံခြုံရေး ရယူ ထားပြီး လုယက်မှု တွေ နဲ့ သံသယ ရှိသူ လူပေါင်း သုံးရာနီးပါး ကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထား ပါတယ်။

တစ်ရာတန် ဘိုလီဗာ ငွေစက္ကူ ကို ရုပ်သိမ်း မယ့် အစီအစဉ် ကို လာမယ့် ဇန်နဝါရီ လ အထိ ဆိုင်းငံ့ ထားမယ်လို့ ဗင်နီဇွဲလား သမ္မတ နီကိုလာ မာဒူရို က ပြောကြား ခဲ့ ပါတယ်။

အစိုးရ ရဲ့ လွဲမှားတဲ့ စီမံ ခန့်ခွဲမှု ကြောင့် နိုင်ငံအတွင်းမှာ ရိက္ခာ ပြတ်လပ်မှုတွေ ကြုံတွေ နေရပြီး အခု ငွေစက္ကူ ရုပ်သိမ်း မယ့် အစီအစဉ် က ဆင်းရဲသား ပြည်သူ တွေကို ပိုမို ထိခိုက် စေမှာ ဖြစ်ကြောင်း ဗင်နီဇွဲလား ခရစ်ယန် ခေါင်းဆောင်တွေ က ဝေဖန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ