ဂျာမနီ ခရစ်စမတ် စျေးတန်း ကုန်တင်ကား ဝင်တိုက်၊ အနည်းဆုံး ၁၂ ဉီး သေ

  • 19 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption တစ်နာရီကို ကီလိုမီတာ ၆၀ ကျော်နှုန်း နဲ့ မောင်းလာပြီး နည်းနည်းလေးမှ အရှိန်မလျော့ဘဲ စျေးတန်း ထဲကို ဝင်တိုက်

ဂျာမနီ နိုင်ငံ ဘာလင် မြို့က ခရစ်စမတ် ဈေးတန်း ထဲကို ကုန်တင် ကားတစ်စီး အရှိန်ပြင်းပြင်း နဲ့ ဝင်တိုက်ခိုက် ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၁၂ ဉီး သေဆုံးပြီး နောက်ထပ် လူ ၅၀ ဟာလည်း အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ယာဉ်မောင်းသူ က တမင် ကြံစည်ပြီး ခရစ်စမတ် စျေးတန်း ထဲကို ဝင်တိုက်တာ ဖြစ်တယ်လို့ ဂျာမနီ ရဲတပ်ဖွဲ့က ပြောကြားနေပါတယ်။

ကုန်တင် ကား က တစ်နာရီကို ကီလိုမီတာ ၆၀ ကျော်နှုန်း နဲ့ မောင်းလာပြီး နည်းနည်းလေးမှ အရှိန်မလျော့ဘဲ စျေးတန်း ထဲကို ဝင်တိုက် ခဲ့တာလည်း ဖြစ်ပါတယ်။

အကူ ယာဉ်မောင်း ကတော့ သေဆုံး သွားပြီး အဓိက တရားခံ ယာဉ်မောင်းသူ ကိုလည်း ဖမ်းဆီး ရမိ ခဲ့ပြီလို့ ဂျာမနီ သတင်းဌာန တွေမှာ ဖော်ပြနေပါတယ်။

ကားတိုက်မှု မြင်ကွင်း က ထိတ်လန့် စက်ဆုပ်ဖွယ် ကောင်းတယ်လို့ ဂျာမန် သတင်းထောက် တစ်ယောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ