မက္ကဆီကို မီးရှူးမီးပန်း စျေးမှာ မီးလောင် ပေါက်ကွဲ

  • 21 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Mexican Red Cross
Image caption ဗီဒီယို ထဲမှာ မီးရှုးမီးပန်း တွေ ပေါက်ကွဲပြီး အဆောက်အဦ တွေ မီးလောင် ပျက်စီး နေတာ ကိုတွေ့မြင်ရ

မက္ကဆီကို နိုင်ငံက မီးရှူးမီးပန်း တွေရောင်းတဲ့ ဈေးမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွား ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၂၆ ယောက် သေဆုံး ခဲ့ရတယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။

ဆန် ပါဘလီတို မီးရှူးမီးပန်း ရောင်းတဲ့ နေရာမှာ မီးလောင် ပေါက်ကွဲမှု တွေ ဖြစ်ပွား ခဲ့တာပါ။ နောက်ထပ် ဒါဇင်နဲ့ချီတဲ့ လူတွေလည်း အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

မျက်မြင် သက်သေ တစ်ယောက် ရိုက်ထားတဲ့ ဗီဒီယို ထဲမှာ မီးရှုးမီးပန်း တွေ ပေါက်ကွဲပြီး အဆောက်အဦ တွေ မီးလောင် ပျက်စီး နေတာ ကိုတွေ့မြင်ရပါတယ်။

ဘာကြောင့် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ကယ်ဆယ်ရေး အဖွဲ့တွေက အခင်းဖြစ်ပွားတဲ့ နေရာကို သွားနေကြပါတယ်။

အနီးအနားမှာ နေထိုင်တဲ့ လူတွေကို ဆန် ပါဘလီတို အရပ် ကို မသွားဖို့ တာဝန်ရှိသူတွေက တားဖြစ်ထားပြီး အရေးပေါ် ကယ်ဆယ်ရေး ကားတွေ ဝင်ရောက်ဖို့ အတွက် လမ်းတွေကိုလည်း ရှင်းလင်း ထားဖို့ ဆော်ဩ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ