ပါလက်စတိုင်းမှာ ဂျူးအခြေချ အိမ်ယာ ဆောက်မှု ရပ်ဖို့ အဆို ကုလ အတည်ပြု

  • 24 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဂျူးအခြေချ အိမ်ယာ ဆောက်လုပ်မှု

အစ္စရေး တွေ က ပါလက်စတိုင်းဆီက သိမ်းထားတဲ့နယ်မြေတွေမှာ ဂျူးအခြေချအိမ်ရာတွေ တည်ဆောက်တာ ဟာ နိုင်ငံတကာ တရားဥပဒေတွေနဲ့ မညီဘူးလို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

၁၉၆၇ ကတည်းက အစ္စရေးက သိမ်းထားခဲ့တဲ့ ဂျော်ဒန်မြစ်အနောက်ဘက် ကမ်းနဲ့ အရှေ့ ဂေျရုဆလင်မှာ ဂျူးအခြေချ နေရာပေါင်း ၁၄၀ လောက်ရှိပြီး လူ ၅ သိန်း နေနိုင်တဲ့အိမ်ရာတွေ တည်ဆောက် ထားတာ ဖြစ်ပါတယ်။

အရင်ကတော့ အစ္စရေးနဲ့ပတ်သက်ရင် အမြဲအကာအကွယ် ပေးတဲ့ အမေရိကန် ဟာ ဒီတခါတော့ ဗီတိုသုံး ပယ်မချတော့ပဲ လက်ရှောင်ကာ ကြားနေ နေ ပေးလိုက်ပါတယ်။

အရင် က ဒီဆုံးဖြတ်ချက် မူကြမ်းကို လုံခြုံရေးကောင်စီ ကို အီဂျစ် က မူကြမ်းပြင်ပြီး တင်ဖို့ကြိုးစား တာကို အစ္စရေး က ဒေါ်နယ်ထရမ့်ကို အကူအညီ တောင်းပြီး ရွှေ့ဆိုင်းနိုင်ခဲ့ပေမယ့် အခုတခါမှာတော့ မလေးရှား၊ နယူးဇီလန်၊ ဆီနီဂေါ နဲ့ ဗင်နီဇွဲလား တို့ က ထပ်တင် ခဲ့တာ ဖြစ်ပါတယ်။

အခု လုပ်ရပ်နဲ့ ပတ်သက်လို့ နှစ်ဖက်အကြား ငြိမ်းချမ်းရေး ရလာအောင် အနှောင့်အရှက် ဖြစ်နေတဲ့ ဒီ ဂျူးအခြေစိုက်အိမ်ယာတွေ အရေးမှာ နိုင်ငံတကာ ရဲ့ တူညီတဲ့ သဘောထား ကို ထင်ဟတ်လိုက် တာပဲလို့ အမေရိကန် အခြေစိုက် ဘီဘီစီ သတင်းထောက် က သုံးသပ်ပါတယ်။

အစ္စရေး ဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်း သူတို့ ဝန်ကြီးချုပ် နာတန်ရာဟု က ချက်ချင်း ပဲ ငြင်းဆိုထားပါတယ်။

လက်ရှိ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်ကလည်း သူအာဏာယူမယ့် ဇန်နဝါရီ ၂၀ ရက်နေ့နောက်ပိုင်း ကြရင် အရာရာ ဟာ ပြောင်းလဲသွားလိမ့်မယ် လို့ လည်း လေသံပစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ကြားနေ ၁ ထောက်ခံမဲ ၁၄ မဲ ကန့်ကွက်သူမရှိနဲ့ ဒီ ဆုံးဖြတ်ချက် ကို လုံခြုံရေး ကောင်စီ က ချမှတ်ထားလိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ