ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စစ်သွေးကြွအမျိုးသမီးတဦး သတ်သေ

  • 24 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption အခုဝင်ရောက်စီးနင်းတဲ့နေရာဟာ ပြီးခဲ့တဲ့ဇူလိုင်လ ဒါကာမြို့က စားသောက်ဆိုင်တခု အတွင်း ဝင်ရောက် အကြမ်းဖက်မှုမှာ ပါတဲ့သူတွေ ရှိတဲ့နေရာလို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး ဝန်ကြီးက ပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်သမားပုန်းအောင်းတဲ့ တနေရာကို ဝင်ရောက် စီးနင်းမှုမှာ အမျိုးသမီးတယောက်က အဖမ်းမခံပဲ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲအဆုံးစီရင်လိုက်ပါတယ်။

အခုလို အမျိုးသမီးက ဖောက်ခွဲ အဆုံးစီရင်တာမျိုးဟာ နိုင်ငံတွင်း ပထမဆုံးဖြစ်နိုင်တယ်လို့ ယူဆမှုတွေ ရှိနေပါတယ်။

ဒီအမျိုးသမီးနဲ့အတူ ရှိနေတဲ့ အမျိုးသမီးငယ်တယောက်လည်း ပေါက်ကွဲမှုမှာ ဒဏ်ရာရခဲ့ပြီး နောက်ထပ် အမျိုးသမီးတွေကလည်း ကလေးတွေနဲ့အတူ အဖမ်းခံခဲ့ပါတယ်။

အစိုးရရဲ့ အခုလို စီးနင်းမှုမှာ အမျိုးသား တဦးလည်း သေဆုံးခဲ့ပြီး အခုဝင်ရောက်စီးနင်းတဲ့နေရာဟာ ပြီးခဲ့တဲ့ဇူလိုင်လ ဒါကာမြို့က စားသောက်ဆိုင်တခု အတွင်း ဝင်ရောက် အကြမ်းဖက်မှုမှာ ပါတဲ့သူတွေ ရှိတဲ့နေရာလို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ