ဖိလစ်ပိုင်မှာ မနီလာအထိ ရောက်မယ့် မုန်တိုင်းဝင်

  • 25 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ဒီမုန်တိုင်းဝင်ရောက်နိုင်တဲ့ လမ်းကြောင်းက ထွက်ခွာဖို့ ငြင်းဆန်တဲ့သူတွေကိုလည်း ဘေးလွတ်ရာပြေးကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်

ဖိလစ်ပိုင်နိုင်ငံ ကာတန်းဒွားနက်စ်ပြည်နယ်ကို ဝင်မယ့် နီနာမုန်တိုင်းဟာ တနာရီ ၂၃၅ ကီလိုမီတာနှုန်းရှိပြီး မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ နိုင်ငံတွင်း သတင်းထုတ်ပြန်ထားပါတယ်။

နော့တန်းလို့လည်း အမည်ရတဲ့ ဒီမုန်တိုင်းဝင်ရောက်နိုင်တဲ့ လမ်းကြောင်းက ထွက်ခွာဖို့ ငြင်းဆန်တဲ့သူတွေကိုလည်း ဘေးလွတ်ရာပြေးကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။

မုန်တိုင်းကြောင့် လေကြောင်း၊ ရေကြောင်း ခရီးသွားလာမှုတွေ ဖျက်သိမ်းခဲ့တဲ့အတွက် ခရစ်စမတ်ရုံးပိတ်ရက်အတွင်း အိမ်ပြန်လာကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေလည်း ရောက်ရာအရပ်မှာ သောင်တင်နေကြပါတယ်။

မုန်တိုင်းဒဏ်ကြောင့် အဆောက်အအုံတွေ ပျက်စီးမယ့် အန္တရာယ်အပြင် သီးနှံစိုက်ခင်းတွေလည်း ပျက်စီးနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

မုန်တိုင်းဝင်ရောက်နိုင်မယ့် ဧရိယာဟာ လူနေထူထပ်တဲ့ ဧရိယာဖြစ်ပြီး မြို့တော် မနီလာရဲ့ အစိတ်အပိုင်းတွေလည်း ဒီထဲမှာ ပါဝင်နေတဲ့အတွက် ဒီမုန်တိုင်းက လူသန်း လေးဆယ်လောက်အပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ