ခရစ်စမတ်ဆင်နွှဲမှု အပေါ်ယံဆန်လာလို့ ပုပ်ရဟန်းမင်းပြော

  • 25 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဒီမိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက ခရစ်တော် ယေရှုကိုယ်တိုင်ဟာ ရွှေ့ပြောင်းသွားလာတဲ့သူ တယောက်ဖြစ်တယ်ဆိုတာကို ထောက်ပြခဲ့ပြီး ရွှေ့ပြောင်း ဒုက္ခသည်တွေကို အကြင်နာတရားထားကြဖို့ကိုလည်း ဆော်သြခဲ့

ခရစ်စမတ်ပွဲတော်ဟာ စိတ်ထားပိုင်းကို အသားမပေးပဲ ရုပ်ဝတ္ထုတွေအပေါ် တပ်မက်မှုများပြီး အပေါ်ယံ ဆန်လာပြီလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောဆိုလိုက်ပါတယ်။

ခရစ်စမတ်ကာလမှာ လက်ဆောင်ပေးတဲ့ အလေ့အထနဲ့ ပတ်သက်ပြီးတော့လည်း ပုပ်ရဟန်းမင်းကြီးက အခုခေတ် ခရစ်စမတ်ဟာ စီးပွားရေးဆန်လာပြီး လူတွေက လက်ဆောင်အပေးအယူလုပ်တဲ့ ကိစ္စတွေမှာပဲ အာရုံများနေတဲ့အပြင် လူ့အသိုင်းအဝိုင်းရဲ့ အပယ်ခံတွေ အပေါ်မှာတော့ ဂရုစိုက်မှု မရှိဘူးလို့ ခရစ်စမတ်နေ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ငြိမ်းချမ်းရေး ရရေးအတွက် ကြိုးစားကြဖို့ လိုပြီး ဆီးရီးယားဘက်မှာလည်း ပစ်ခတ်မှုတွေ ရပ်ဆိုင်းဖို့ အချိန်တန်ပြီလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းထားပါတယ်။

ဒီမိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက ခရစ်တော် ယေရှုကိုယ်တိုင်ဟာ ရွှေ့ပြောင်းသွားလာတဲ့သူ တယောက်ဖြစ်တယ်ဆိုတာကို ထောက်ပြခဲ့ပြီး ရွှေ့ပြောင်း ဒုက္ခသည်တွေကို အကြင်နာတရားထားကြဖို့ကိုလည်း ဆော်သြခဲ့ပါတယ်။

ဗာတီကန်မြို့ပြနိုင်ငံမှာ ပုပ်ရဟန်းမင်းကြီးက ဦးဆောင်ပြီး ထောင်ချီတဲ့ လူထုက ခရစ်စမတ်နေ့ စုဝေးပွဲကို အခုလို ဆင်နွှဲနေခဲ့ကြပေမယ့် လုံခြုံရေးစိုးရိမ်တဲ့အတွက် ရောမမြို့လယ်နားကို ထရပ်ကားနဲ့ ဗန်ကားတွေ သွားလာခွင့် ပိတ်ပင်ထား ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ