ဗြိတိန် အဆိုတော် George Michael ကွယ်လွန်

  • 26 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် PA
Image caption နာမည် အရင်း က ရိုရော့စ် ကီရီအက်ကော့စ် ပနိုရော့စ်တူ (Georgios Kyriacos Panayiotou) ဖြစ်

Last Christmas သီချင်းရဲ့ မူရင်း အဆိုတော် George Michael ဟာ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ် နေ့က အသက် ၅၃ နှစ် အရွယ်မှာ ကွယ်လွန် ခဲ့ကြောင်း အဆိုတော်ရဲ့ မန်နေဂျာ ဖြစ်သူက အတည်ပြု ပြောကြား ပါတယ်။

George Michael ဟာ ၁၉၈၀ ခုနှစ်တွေ မှာတုန်း က Wham UK လို့ ခေါ်တဲ့ နှစ်ယောက်တွဲ သီချင်း တွေနဲ့ နာမည်ကျော်ကြား ခဲ့တာပါ။

ဗြိတိန် အဆိုတော် ရုတ်တရက် ကွယ်လွန်ခဲ့တာ ဟာ ဘာကြောင့်လဲ ဆိုတာ မသေချာ ပေမယ့် အခုချိန် အထိတော့ မသင်္ကာစရာ အခြေအနေ မရှိဘူးလို့ ရဲ တပ်ဖွဲ့ တာဝန် ရှိသူက ပြောပါတယ်။

George Michael ရဲ့ နာမည် အရင်း က ရိုရော့စ် ကီရီအက်ကော့စ် ပနိုရော့စ်တူ (Georgios Kyriacos Panayiotou) ဖြစ်ပြီး လန်ဒန်မြို့ မြောက်ဘက် ဒေသ မှာ မွေးဖွား ခဲ့တာပါ။

တစ်ကိုယ်တော် သီချင်းခွေ မထွက်ခင်မှာ ကျောင်းနေဘက် သူငယ်ချင်း အန်ဒရူး ရစ်ဂျ်လေး နဲ့ အတူ နှစ်ယောက်တွဲ သီချင်းတွေ သီဆိုပြီး ၁၉၈၀ တစ်ဝိုက်မှာ Wham UK အဖွဲ့ဆိုပြီး နာမည်ကျော် လူကြိုက်များ ခဲ့ပါတယ်။

သူရဲ့ Careless Whisper သီချင်းဟာ ကမ္ဘာ့ ပရိသတ် တွေသာမက မြန်မာ ပရိသတ်တွေ ကြားမှာပါ လူသိများ ရေပန်းစား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ