ရုရှား စစ်လေယာဉ်ပျက် နေရာ ရှာတွေ့

  • 26 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှားလေယာဉ်ပျက် ရှာဖွေနေစဉ်

ရုရှားလေယာဉ်ဟာ ဆိုချီမြို့ကနေ ဆီးရီးယားနိုင်ငံကို လာတီကာမြို့ကို ထွက်ခွာဖို့ တက်သွားပြီး ၂မိနစ်လောက်မှာ ရေဒါ ကပျောက်သွားတာဖြစ်ပါတယ်။

TU 154စစ်လေယာဉ် ပျက်ကျတဲ့နေရာကို ဆိုချီကနေ ပင်လယ်နက် ကမ်းခြေမှ တမိုင်လောက်ပေ၂၃၀အနက်မှာတွေ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် Igor Konashenkov ကပြောပါတယ်။

ရုရှားပို့ဆောင်ရေး ဝန်ကြီးကတော့ ဘာကြောင့် လေယာဉ် ပျက်ကျတယ်ဆိုတဲ့ ဖြစ်နိုင်ချေအကုန်လုံး အကြမ်းဖက် တိုက်ခိုက်မှုပါမကျန် ထောင့်စေ့အောင် စုံစမ်းနေတယ်လို့ပြောပါတယ်။ စောစောပိုင်းကတော့ အကြမ်းဖက်တိုက်ခိုက်မှု အလားအလာ အပေါ်ဖြစ်နိုင်ချေ နည်းတဲ့သဘော ရုရှား အရာရှိတယောက် ကပြောပါတယ်။

ရုရှားမီဒီယာတွေမှာ ပေါ်ထွက်နေတဲ့ အသံသွင်းမှတ်တမ်းအရ လေကြောင်း ထိန်းသိမ်းတဲ့စခန်းနဲ့ နောက်ဆုံးပြောဆိုမှုတွေမှာ လေယာဉ်မှူးတွေအနေနဲ့ တစုံတရာ အခက်အခဲမတွေ့ရဘူးလို့ဆိုပါတယ်။လေယာဉ် ပျောက်ကွယ်မသွားမီအထိ အသံတည်တည်ငြိမ်ငြိမ် ရှိနေပြီးနောက်ပိုင်း အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။

အဲဒီပေါ်မှာ ရုရှာ အလက်ဇံဒရော့စစ်တီးဝိုင်းမှ ၆၄ယေက်အပြင် သတင်းထောက်၉ယောက် စစ်သား၈ယောက် အစိုးရအမှုထမ်း၂ယောက်နဲ့ လေယာဉ်အမှုထမ်း၈ယောက်ပါဝင်ပါတယ်။

အခုတီးဝိုင်းဟာ နှစ်သစ်ကူးအဖြစ် ဆီးရီးယားနိုင်ငံ လာတီကာမြို့အရှိ ရုရှား လေတပ်စခန်းမှာ ဖျော်ဖြေဖို့သွားတာဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ ဆီးရီးယားသမ္မတ ဘာရှာအယ် အာဆတ်ကိုဆန့်ကျင်နေတဲ့သူပုန်တွေကို လေကြောင်းက နေကူညီတိုက်ခိုက် ပေးနေတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ