အိန္ဒိယရဲ့ အဂနိဖိုက် ဒုံးပျံ အောင်မြင်

  • 26 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဒီစမ်းသပ်မှုဟာ လေးကြိမ်မြောက်နဲ့ နောက်ဆုံးအကြိမ် စမ်းသပ်မှုလည်း ဖြစ်

အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ ပြိုင်ဘက် တရုတ်အပါအဝင် အာရှဒေသ တော်တော်များများအထိ ရောက်အောင် ပစ်ခတ်နိုင်မယ့် အဂနိ ဖိုက် ထိပ်ဖူးတပ် ဒုံးပျံကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပါတယ်။

ဒီစမ်းသပ်မှုဟာ လေးကြိမ်မြောက်နဲ့ နောက်ဆုံးအကြိမ် စမ်းသပ်မှုလည်း ဖြစ်ပါတယ်။

စမ်းသပ်မှု အောင်မြင်သွားတဲ့ ဒီ ဒုံးပျံဟာ ကီလိုမီတာ ၅၀ဝ၀ အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ စွမ်းရည် ရှိပါတယ်။

ဒီဒုံးပျံကို လွန်ခဲ့တဲ့ လေးနှစ်က စပြီး စမ်းသပ်နေခဲ့တာ ဖြစ်ပြီး နျူးကလီးယား ထိပ်ဖူးလည်း တပ်လို့ ရတဲ့ ဒုံးပျံဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရန် ဒရာ မိုဒီ ဦးဆောင်တဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အင်အားကြီး တနိုင်ငံ ဖြစ်လာဖို့နဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ မြှင့်တင်ဖို့အတွက် ကာကွယ်ရေးနည်းပညာတွေမှာ အလုံးအရင်းနဲ့ ရင်းနှီးမြုပ်နှံနေတာလို့ လေ့လာ သုံးသပ်သူတွေက ယူဆနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ