လေယာဉ် ပျက်ကျခဲ့မှု အတွက် ဝမ်းနည်းခြင်း ပွဲတွေ ရုရှား ကျင်းပ

  • 26 ဒီဇင်ဘာ 2016
Image caption ရုရှား နိုင်ငံမှာ ဝမ်းနည်းဖွယ် နေ့ သတ်မှတ်

ပြီးခဲ့တဲ့ တနင်္ဂနွေ ခရစ္စမတ်စ် နေ့က ရုရှား စစ်လေယာဉ် တစ်စင်း ပျက်ကျပြီး၊ လေယာဉ်ပေါ် လိုက်ပါသွားခဲ့သူ စုစုပေါင်း ၉၂ ဦး လုံး သေဆုံး ခဲ့ရတဲ့ ဖြစ်ရပ် အတွက် ရုရှား နိုင်ငံမှာ ဝမ်းနည်းဖွယ် နေ့ သတ်မှတ် ကျင်းပ ခဲ့ကြပါတယ်။

နိုင်ငံ တနံတလျားက အော်သိုဒေါ့စ် ခရစ်ယာန် ဘုရားကျောင်း တွေမှာ ဝတ်ပြု ဆုတောင်းစာ တွေ ရွတ်ဖတ် ခဲ့ကြပြီး၊ လေယာဉ် ပေါ် ပါသွားတဲ့ အလက်ဇန်ဒရော့ဗ် ဂီတနဲ့ ကချေသည် အဖွဲ့ ရဲ့ မော်စကို မြို့တော်က ရုံးချုပ် အပြင်ဘက် မှာလည်း အမှတ်တရ နေရာတစ်ခု ပြုလုပ် ထားပါတယ်။

လေယာဉ်ပျက်ကျ ခဲ့ရာ ပင်လယ်နက် ထဲက နေရာမှာ သင်္ဘော အစင်း ၄ဝ၊ လူအယောက် ၃ ထောင် ကျော် ပါဝင်တဲ့ ရှာဖွေရေးတွေ ဆက်လက် ပြုလုပ် နေပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်း အရင်းကို သိနိုင်ဖို့ရာ အထောက်အကူ ဖြစ်စေနိုင်တဲ့ လေယာဉ်မှုး အခန်းထဲက မှတ်တမ်းတင် ကိရိယာ ဘလက်ဘောက်ဇ် ကို အဓိက ရှာဖွေ နေကြတာ ဖြစ်ပါတယ်။

လေယာဉ်မှုးရဲ့ အမှား ဒါမှမဟုတ် နည်းစနစ်ပိုင်း ဆိုင်ရာ ချို့ယွင်းမှုကြောင့် လေယာဉ် ပျက်ကြ ခဲ့ရတာ ဖြစ်နိုင်တယ်လို့ ရုရှား ရဲ့ သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးက လောလောဆယ် ခန့်မှန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ