စတားဝါးစ် ရုပ်ရှင်မင်းသမီး ကယ်ရီ ဖစ်ရှာ ကွယ်လွန်

  • 27 ဒီဇင်ဘာ 2016
Image caption ငယ်စဉ်ကတည်းက အနုပညာ လောကနဲ့ နီးစပ် ကျွမ်းဝင်

ကြယ်တာရာ စစ်ပွဲများ စတားဝါးစ် ရုပ်ရှင် ဇာတ်ကားတွေမှာ Princess Leia အဖြစ် သရုပ်ဆောင် ခဲ့တဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး ကယ်ရီ ဖစ်ရှာ တစ်ယောက် အသက် ၆ဝ အရွယ်မှာ ကွယ်လွန် ခဲ့ပြီ ဖြစ်ပါတယ်။

လန်ဒန်ကနေ ကာလီဖိုးနီးယားကို ပျံသန်းတဲ့ လေယာဉ်ခရီးမှာ ကယ်ရီ ဖစ်ရှာ နှလုံး ရောဂါဒဏ် ခံခဲ့ ရပြီးတဲ့နောက် ရက် အနည်းငယ် အကြာမှာပဲ ကွယ်လွန် သွားတာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ကယ်ရီ ဖစ်ရှာဟာ မိနစ် အနည်းငယ် ကြာတဲ့အထိ အသက်ရှူ ရပ်သွား ခဲ့တယ်လို့ အတူ ရှိနေခဲ့ကြတဲ့ ခရီးသည်တွေက ပြောပါတယ်။

အဲဒီနောက်ပိုင်း လော့စ်အိန်ဂျလိစ် ဆေးရုံရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ ကယ်ရီ ဖစ်ရှာကို တင်ထား ခဲ့ရတာပါ။

အဆိုတော် အက်ဒီ ဖစ်ရှာနဲ့ ရုပ်ရှင်မင်းသမီး ဒက်ဘီ ရေးနိုးစ် တို့ကနေ ဖွားမြင်ခဲ့တဲ့ ကယ်ရီ ဖစ်ရှာဟာ ငယ်စဉ်ကတည်းက ဖြော်ဖြေရေး အနုပညာ လောကနဲ့ နီးစပ် ကျွမ်းဝင် ခဲ့သူ ဖြစ်ပါတယ်။

ကယ်ရီ ဖစ်ရှာဟာ သူ့မှာ မူးယစ်ဆေးနဲ့ အရက်စွဲတဲ့ ပြဿနာတွေ ရှိခဲ့တယ်လို့ ဝန်ခံ ခဲ့ဖူး ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ