ရန်ကုန်တိုင်း အစိုးရ ထပ်ဆောင်း တောင်းတဲ့ ဘတ်ဂျက်ကို တိုင်းလွှတ်တော် အတည်ပြု

  • 27 ဒီဇင်ဘာ 2016
Image caption ထပ်ဆောင်း အသုံးစရိတ် ကျပ် ၁၆၉ ဘီလျံ ကို တိုင်းဒေသကြီး လွှတ်တော် သဘောတူ

၂ဝ၁၆-၁၇ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ထပ်တိုး တောင်းခံ ထားတဲ့ ဖြည့်စွက် ဘတ်ဂျက်ငွေ ကျပ် ၁၆၉ ဘီလျံ ကို ပေးဖို့ တိုင်းဒေသကြီး လွှတ်တော်က သဘောတူ လိုက်ပါတယ်။

ဒီ ဘတ်ဂျက်ငွေ ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီမံကိန်း၊ စည်ပင် စတဲ့ ဌာနတွေမှာ မျှဝေ သုံးစွဲမှာ ဖြစ်ပါတယ်။

ထပ်တိုး ဘတ်ဂျက် နဲ့ပါဆိုရင် လက်ရှိ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ဟာ စုစုပေါင်း အသုံးစားရိတ် ကျပ် ၅ဝ၅ ဘီလျံ ရရှိ တာ ဖြစ်ပါတယ်။

ဒေသန္တရ အစိုးရ အသုံးစရိတ် တွေကို ဆန်းစစ်ရာမှာ အရေးပါတဲ့ တိုင်းလွှတ်တော် ကော်မတီ ဖြစ်တဲ့ ပြည်သူ့ ငွေစာရင်း ကော်မတီကို ဦးဆောင်သူ ဦးတင့်လွင်က ရှေ့လာမယ့် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် အတွက် ဘတ်ဂျက် ရေးဆွဲရာမှာ ကွင်းဆင်း စစ်ဆေး မှုတွေပါ ပြုလုပ်ပြီးမှ အတည် ပြုမယ်လို့ ဆိုပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်း အစိုးရရဲ့ ဘတ်ဂျက် လျာထား ထားတာကတော့ ၄၂၄.၂ ဘီလျံ ရှိမယ်လို့ ခန့်မှန်း ထားပြီး၊ အဲဒီ ပမာဏကို ၂ဝ၁၇ မတ်လကျရင် ရန်ကုန်တိုင်း လွှတ်တော်မှာ တောင်းခံမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ