အစ္စရေး အရေး ကြားနေမှုက ငြိမ်းချမ်းရေး အတွက်လို့ US ခုခံ

  • 29 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် ရဲ့ ပြောကြားချက် ကို အစ္စရေးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ အစ္စရေး ရဲ့ အနောက်ဘက် ကမ်းရှိ သိမ်းပိုက်နယ်မြေ တွေ မှာ အိမ်ရာ စီမံကိန်း တွေရပ်ဆိုင်းရေး မဲခွဲ ဆုံးဖြတ်ရာမှာ ရပ်ဆိုင်းရေး က အသာမဲ ရသွားတဲ့ အပြင် အစဉ်တစိုက် အစ္စရေး ဘက် ရပ်တည်ခဲ့တဲ့ အမေရိကန် က ကြားနေ လိုက်တဲ့ အတွက် အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု က ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က အစ္စရေး ရဲ့ အနာဂတ် ငြိမ်းချမ်းရေး နဲ့ ပါလက်စတိုင်း နဲ့ အစ္စရေး အကြားမှာ နှစ်နိုင်ငံ ရပ်တည်မှု ရှိရေး ဟာ အရေးပါတဲ့ အကြောင်း အမေရိကန် ရဲ့ ဆုံဖြတ်ချက် အပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။

ပါလက်စတိုင်း ဘက်ကလည်း အစ္စရေး နဲ့ နှစ်ဘက် ပြန်လည် ညှိနှိုင်းမှု စတင်ဖို့ အသင့် ရှိနေတယ်လို့ ပါလက်စတိုင်း ထိပ်တန်း ညှိနှိုင်းရေး အရာရှိ ဆာယစ်ဘ် အယ်ရီကတ် က ပြောပါတယ်။

ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် ကိုယ်တိုင်အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ရဲ့ မိန့်ခွန်း ကို လေးလေးနက်နက် နားထောင်ခဲ့ပါတယ်။

သူ့အနေနဲ့ လည်း ပါလက်စတိုင်းဘက် ကလည်း အပြည်ပြည်ဆိုင်ရာ ဥပဒေ ကို လိုက်နာတဲ့ အနေနဲ့ ကုလ ဆုံးဖြတ်ချက် အတိုင်း အရှေ့ဂျရူစလင် နဲ့ အနောက်ဘက် ကမ်း မှာ အစ္စရေး ရဲ့ အိမ်ယာစီမံကိန်း ရပ်ဆိုင်းတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့်ရှိပါတယ် လို့ ပြောပါတယ်။

ရှေ့နှစ်ဆန်း မှာတော့ ပဲရစ်မြို့မှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပမှာ မို့ ပါလက်စတိုင်း က ငြိမ်းချမ်းရေး ဆိုင်ရာ အချက်အလက်တွေ ကို ထောက်ခံ အားပေးမဲ့ အကြောင်းဘီဘီစီ သတင်းထောက် ယိုလန်နဲလ် က သတင်းပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ