ဆီးရီးယား အပစ်ရပ်မှု နေရာ အများစုမှာ ခိုင်မာနေ

  • 30 ဒီဇင်ဘာ 2016
Image caption ရုရှားနဲ့ တူရကီတို့ ကြားဝင် ဆောင်ရွက်

ဆီးရီးယား နိုင်ငံမှာ အစိုးရ စစ်တပ်နဲ့ သူပုန် အုပ်စုတွေကြား အပစ်ရပ် သဘောတူမှု စတင် သက်ဝင်လာတာ တစ်ညတာ ကုန်လွန် လာခဲ့တဲ့နောက် နိုင်ငံတဝန်း နေရာ အများစုမှာ မကျိုး ပေါက်အောင် ထိန်းသိမ်း ထားနိုင်ပါတယ်။

နေရာ တချို့မှာတော့ ထိတွေ့ ပစ်ခတ်မှုတွေ ပေါ်ပေါက် ခဲ့တယ် ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။

၂ဝ၁၁ ကတည်းက စတင် လာတဲ့ ဆီးရီးယား ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ် နိုင်ဖို့ အတွက် အီရန်ရဲ့ ထောက်ခံ အားပေးမှု အပါအဝင် ရုရှားနဲ့ တူရကီ တို့က အပစ်ရပ် သဘော တူမှု ရရှိ လာအောင် ကြားဝင် ဆောင်ရွက် ပေးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ဖြစ် နေကြတဲ့ အုပ်စု အသီးသီးကြား ငြိမ်းချမ်းရေး စကားပြောပွဲတွေ နောက်ဆက်တွဲ ပေါ်ပေါက် လာဖို့ မျှော်လင့်ချက်နဲ့ အခုလို အပစ်ရပ် သဘောတူမှု ရယူ ခဲ့တာ ဖြစ်ပါတယ်။

အပစ်ရပ် သဘောတူမှုထဲ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS နဲ့ ကာ့ဒ် လက်နက်ကိုင် YPG တို့ကို တော့ မထည့်သွင်းပဲ ချန်ရစ် ထား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ