အမေရိကန် သံတမန်တွေကို ရုရှားက နှင်မထုတ်ဘူးလို့ ပူတင်ပြော

  • 30 ဒီဇင်ဘာ 2016
Image caption ဒေါ်နယ်ထရမ့် ဘယ်လို ပြုမူမလဲ ဆိုတာ စောင့်ကြည့်မယ်

ရုရှား အနေနဲ့ အမေရိကန် သံတမန် တစ်ဦး တစ်ယောက်ကိုမှ လက်တုံ့ပြန် နှင်ထုတ်မှာ မဟုတ်ဘူးလို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ပြောပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ်အပေါ် လွှမ်းမိုး နိုင်အောင် ရုရှားက ဆိုင်ဘာ တိုက်ခိုက် ထွင်းဖောက်မှုတွေ ကျုးလွန် ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ သမ္မတ အိုဘားမားက ရုရှား သံဝန်ထမ်း ၃၅ ယောက်ကို အမေရိကန်က ထွက်ခွာ သွားဖို့ ကြာသပတေးနေ့က အမိန့်ထုတ် ခဲ့ပါတယ်။

ရုရှားဘက်က အမေရိကန်ရဲ့ အပြုအမူ အပေါ် ထိုက်သင့်သလို လက်တုံ့ပြန်မယ် ဆိုပြီး ပြောထား ခဲ့ပေမယ့် အခုတော့ သမ္မတ ပူတင်က သံဝန်ထမ်းတွေကို နှင်ထုတ်တာမျိုးတော့ လုပ်မှာ မဟုတ်ကြောင်း အတည်ပြု ပြောလာတာပါ။

အမေရိကန် သမ္မတသစ် ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်က ဘယ်လို ပြုမူမလဲ ဆိုတာ စောင့်ကြည့်ပြီးမှ တစုံတရာ တုံ့ပြန် ဆောင်ရွက်တာမျိုး လုပ်ဆောင်မယ်လို့ သမ္မတ ပူတင်က ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ အမေရိကန်-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် လိုတယ် ဆိုပြီး ပြောဆို ထားခဲ့ ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ