ဆင်စွယ် ရောင်းချမှု အပြီးတိုင် ပိတ်သိမ်းဖို့ တရုတ် ဆုံးဖြတ်

  • 31 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ၁၉၈၉ ခုနှစ် ကတည်း က နိုင်ငံတကာ စျေးကွက်မှာ ဆင်စွယ်တွေ ကို အရောင်းအဝယ် မလုပ်ဖို့ ကို ကန့်သတ်ခဲ့တာပါ။

တရုတ်နိုင်ငံက လာမည့် ၂၀၁၇ နှစ်အတွင်း နိုင်ငံတွင်းမှာ ဆင်စွယ်ကုန်သွယ်ရေး ကို အပြီးအပိုင် ပိတ်ပင်တော့ မယ်လို့ ကြေညာ ခဲ့ပါတယ်။

တရုတ် နိုင်ငံမှာ ဆင်စွယ်ပေါက်စျေး က တစ်ကီလို ကို ဒေါ်လာ ၁၁၀၀ တောင် ပေး၀ယ်ကြတာပါ။

ကမ္ဘာ့အနှံက ဆင်စွယ် ကုန်သွယ်ရေး ရဲ့ ၇၀ ရာခိုင်နှုန်း က တရုတ် ဆီကို ဦးတည် တင်ပို့ကြတာပါ။

အခု တရုတ် နိုင်ငံတော် ကောင်စီ က အဲဒီ ကုန်သွယ်ရေး ကို ပိတ်မယ် လို့ မနေ့ သောကြာနေ့က ကြေညာလိုက်ပါပြီ။ မတ်လ ကုန် မှာ ဆင်စွယ် အချော ကိုင်ထုတ်လုပ်တာတွေ ၊ အရောင်း အ၀ယ် တွေအကုန်ရပ်ရမှာဖြစ်ပြီးတော့ မှတ်ပုံတင် လက်မှတ်ရထားတဲ့ ဆင်စွယ်ကုန်သည်တွေ ရဲ့လုပ်ငန်းတွေ ကိုတဖြည်းဖြည်း ကန့်သတ် မယ်။ ၂၀၁၇ အကုန်မှာတော့ လုံး၀ ဆင်စွယ် ကုန်သွယ်လုပ်ငန်း တရုတ်မှာ ပြတ်ပြီဆို ပြီး ဆုံးဖြတ်လိုက်ပါပြီ။

တရုတ် ရဲ့ဆုံးဖြတ်ချက် ကို WWF အဖွဲ့အပါအ၀င် တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့တွေ က ကြိုဆိုကြပါတယ်။ သမိုင်း၀င်တဲ့ ဆုံးဖြတ်ချက် ဖြစ်သလို အခြေအနေတခုလုံးကို ပြောင်းလဲသွားစေတဲ့ ဆုံးဖြတ်ချက်လို့ ဂုဏ်ပြုကြပါတယ်။

သဘာ၀ အရင်းအမြစ် များ ကာကွယ်ရေး ကောင်စီအဖွဲ့က ဒုတိယ ဒါရိုက်တာ အယ်လီ ပက်ပါ က တရုတ် နိုင်ငံ ဟာ ဒီအရေးမှာ ကြီးမြတ်တဲ့ ဦးဆောင်မှု ကို ပေးလိုက်ပြီ လို့ ဆိုပါတယ်။ ဆင်တွေ မျိုးတုန်းပျောက်ကွယ်တော့မယ့် အရေး ကနေ အလှည့်အပြောင်း ဖြစ်ဖို့နီးလာပြီလို့ ဆိုပါတယ်။

၁၉၈၉ ခုနှစ် ကတည်း က နိုင်ငံတကာ စျေးကွက်မှာ ဆင်စွယ်တွေ ကို အရောင်းအဝယ် မလုပ်ဖို့ ကို ကန့်သတ်ခဲ့တာပါ။

ဒါပေမယ့် တရားမဝင် ဆင်စွယ်ရောင်းဝယ်ရေးတွေ ကမ္ဘာတ၀န်းမှာ ဆက်ရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ကတည်း က စီတီးစ် လို့ ခေါ်တဲ့ နိုင်ငံတကာ တောရိုင်း တိရိစ္ဆာန် ဆိုင်ရာ ကုန်သွယ်ရေး ကို စည်းမျဉ်းချ သတ်မှတ်နေတဲ့ အဖွဲ့အစည်း ကဆင်စွယ်နဲ့ပတ်သက်ပြီး ပြည်တွင်း စျေးကွက်တွေ ကို ကန့်သတ်ဖို့ ဆုံးဖြတ်ချက် ချခဲ့သလို တရုတ် ကလည်း အဲဒီ ဆုံးဖြတ်ချက် ကို ထောက်ခံပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၇ နှစ်အတွင်း အာဖရိက က ဆင်ကောင်ရေ ဟာ ၃ ပုံ ၁ပုံ လျော့ကျသွား ကြောင်း Grate Elephants စစ်တမ်းကောက် ယူရေးအဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ