ကန် သံဝန်ထမ်း တွေကို နှင်မထုတ် တဲ့ ပူတင် ကို ထရမ့် ချီးကျူး

  • 31 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် ကျောင်းတွေကို ပိတ်ဖို့တော့ ညွှန်ကြား ခဲ့

အမေရိကန် သံတမန် တွေကို နိုင်ငံ တွင်း ကနေ နှင်ထုတ် မှာ မဟုတ်ဘူးလို့ ဆုံးဖြတ် ခဲ့တဲ့ ရုရှ သမ္မတ ဗလာဒီမီယာ ပူတင် ကို ဒေါ်နယ် ထရမ့် က ချီးကျူး စကားပြောကြား လိုက်ပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ်အပေါ် လွှမ်းမိုးအောင် ရုရှားက ဆိုက်ဘာ ထွင်းဖောက်မှုတွေ ကျုးလွန် ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ အိုဘားမားက ရုရှား သံဝန်ထမ်း ၃၅ ယောက်ကို အမေရိကန်က ထွက်ခွာ သွားဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အမိန့်ထုတ် ခဲ့တာပါ။

ရုရှားကတော့ အမေရိကန် သံတမန် တစ်ဦး တစ်ယောက်ကိုမှ လက်တုံ့ပြန် နှင်ထုတ်မှာ မဟုတ်ဘူးလို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြော ကြားခဲ့ ပါတယ်။

ဒါပေမယ့် ရုရှ သမ္မတရဲ့ ပြောကြားချက် ကို မယုံကြည်သင့်ဘူးလို့ ရီပတ်ဘလီကန် လွှတ်တော် အမတ် ဝယ်လ် ဟတ် က ပြောပါတယ်။

သံဝန်ထမ်း တွေကို နှင်ထုတ် မှာ မဟုတ်ဘူးလို့ မစ္စတာ ပူတင် က ပြောပါတယ်။ ဒါပေမယ့် သူက အမေရိကန် ကျောင်းတွေကို ပိတ်ဖို့တော့ ညွှန်ကြား ခဲ့ပါတယ်။ ဒါက သံရုံးဝန်ထမ်း တွေကို အကျိုးသက်ရောက်မှု ရှိတာပါပဲ။ ပူတင် ပြောတာ ကို ယုံကြည်လို့ မရပါဘူး။ သူဘာလုပ် သလဲ ဆိုတာကိုပဲ စောင့်ကြည့်သင့်တာ လို့လည်း မစ္စတာ ဟတ် က ဆိုပါတယ်။

ရုရှ သမ္မတ ဟာ အမြဲတမ်း လိုလို ချက်ချာ ပါးနပ်သူ တစ်ယောက် ဖြစ်တယ်လို့ လည်း ဒေါ်နယ် ထရမ့် က ပြော ကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ