ဆီးရီးယား အရေး တူရကီ နဲ့ရှရှ ကို ကုလ ထောက်ခံ

  • 1 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ကုလ ထောက်ခံပေမယ့် အစိုးရ တပ်က တိုက်ခိုက်နေဆဲလို့ သူပုန် အဖွဲ့အချို့က ပြော

ဆီးရီးယား နိုင်ငံက အစိုးရ နဲ့ သူပုန် အဖွဲ့တွေ အကြားမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရအောင် ဆောင်ရွက် ပေးခဲ့ကြတဲ့ ရုရှ နဲ့ တူရကီ နိုင်ငံ တို့ရဲ့ က်ြိုးပမ်းမှု ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တညီတညွှတ်ထဲ ထောက်ခံ ခဲ့ကြပါတယ်။

အခုလ ထဲမှာ ဆီးရီးယား အစိုးရ နဲ့ သူပုန် အဖွဲ့တွေ ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ တွေကို ကာဇက်စတန် နိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကို ရုရှ၊ အီရန် နဲ့ တူရကီ နိုင်ငံ တို့ က ကျော ထောက်နောက်ခံ ပေးကြမှာလည်း ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံ အတွင်း က အပစ်အခတ် ရပ်စဲရေး ကို စောင့်ကြည့်လေ့ လာရေး၊ ပြီးတော့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ ပေးပို့မှုတွေ အတားအဆီး မရှိ ဝင်ရောက်ခွင့် ရဖို့ကိုလည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံ အချို့ က တိုက်တွန်း နေပါတယ်။

အစောပိုင်း ရရှိတဲ့ သတင်းတွေမှာတော့ဆီးရီးယား အစိုးရ စစ်တပ် အနေနဲ့ သူပုန် တွေ ထိန်းချုပ် ရာ ဒေသ တွေမှာ တိုက်ခိုက်မှုတွေ ဆက် လုပ်နေမယ် ဆိုရင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ကို စွန့်လွှတ်မယ်လို့ သူပုန် အဖွဲ့ အချို့ ပြောပါတယ်။

ဒမတ်စကတ် မြို့ အနောက်မြောက်ဘက် က သူပုန်တွေ ထိန်းချုပ် ရာ ဒေသ ကို အစိုးရက လေကြောင်း ကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်နေတဲ့ အတွက် ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့ နဲ့ အခြား သူပုန်ဖွဲ့ တွေက အခုလို ပြောကြား နေတာ ဖြစ်ပါတယ်။

အဲဒီ ဒေသမှာ ထောင်နဲ့ချီတဲ့ ဆီးရီးယား အရပ်သားတွေလည်း ပိတ်မိ နေတယ်လို့ ယုံကြည်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ