အင်ဒိုနီးရှားကူးတို့ သင်္ဘော မီးလောင်လို့ လူ ၂၃ ယောက် သေဆုံး

  • 1 ဇန်နဝါရီ 2017
Image caption မီးစက် ချို့ယွင်း တာကနေ မီးစတင် လောင်

အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့တော်ရဲ့ မြောက်ဘက်မှာ ရှိတဲ့ အပန်းဖြေကျွန်းကို ခုတ်မောင်းတဲ့ ခရီးသည်တင် သင်္ဘောပေါ် မီးလောင်မှု ဖြစ်ခဲ့တဲ့ အတွက် အတည်ပြု ထားနိုင်သမျှ သေဆုံးသူ အရေအတွက် အနည်းဆုံး လူ ၂၃ ယောက် ရှိတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

ဒဏ်ရာရသူ ၁၇ ယောက်လည်း ရှိပြီး၊ လူတွေ တော်တော်များများကို ကယ်ဆယ် ခဲ့ရပါတယ်။

သင်္ဘောပေါ်က ဂျနရိတ်တာ မီးစက် ချို့ယွင်း တာကနေ မီးစတင် လောင်ခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အခင်းဖြစ်ရာ အင်ဒိုနီးရှားက အာခီပယ်လဂို ကျွန်းစုတွေဟာ ခရီးသွားလာရေး အတွက် ကူးတို့ သင်္ဘောတွေက အဓီက မှီခို အားထား နေကြ ရပေမယ့်၊ သင်္ဘောပေါ် ဘေးကင်း လုံခြုံရေးနဲ့ ပတ်သက်လို့တော့ ထိန်းချုပ် တင်းကြပ်မှုတွေ အင်မတန် လျော့ရဲ လွန်းတယ် ဆိုပြီး ဝေဖန် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ