ဘဂ္ဂဒက်မှာ ပြင်သစ်သမ္မတ ရောက်နေတဲ့အချိန် ကားဗုံးတွေကွဲ

  • 2 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ အိုလွန်းက အီရတ်မှာ ပြင်သစ်တပ်တွေ ထားရှိတာဟာ ပြင်သစ်နိုင်ငံအတွင်းက ဖြစ်နိုင်မယ့် အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်ခဲ့တယ်လို့ပြော

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့က လူစည်ကားတဲ့ ရင်ပြင်တခုမှာ အသေခံ ကားဗုံးတလုံး ပေါက်ကွဲခဲ့တဲ့ အတွက် အနည်းဆုံး ၃၅ဦးသေဆုံးပြီး ၆၀ကျော် ဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရသူ အများစုဟာ အလုပ်အတွက် စောင့်ဆိုင်းနေကြတဲ့ လမ်းပြင် လုပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဘဂ္ဂဒက်မြို့ အရှေ့ခြမ်းက ဆေးရုံတရုံနားမှာလည်း နောက်ထပ်ကားဗုံးတလုံး ပေါက်ကွဲခဲ့တဲ့ အတွက် အနည်းဆုံး သုံးယောက် သေဆုံးခဲ့ရပါတယ်။

ဒီပေါက်ကွဲမှုတွေရဲ့ တရားခံကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီပေါက်ကွဲမှုတွေ ဖြစ်တဲ့အချိန်မှာ ပြင်သစ်သမ္မတ ဖရန်ဆွာ အိုလွန်းက ပြင်သစ်တပ်ဖွဲ့ဝင်တွေကို တွေ့ဆုံဖို့ ဘဂ္ဂဒက်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အခုလို တွေ့ဆုံပွဲမှာ မစ္စတာ အိုလွန်းက အခုလို အီရတ်မှာ ပြင်သစ်တပ်တွေ ထားရှိတာဟာ ပြင်သစ်နိုင်ငံအတွင်းက ဖြစ်နိုင်မယ့် အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်ခဲ့တယ်လို့ ပြင်သစ်တပ်သားတွေကို ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း မစ္စတာ အိုလွန်းဟာ ကာဒစ်စတန် ဒေသတွေမှာရှိတဲ့ အီရတ်အစိုးရတပ်ကို ထောက်ခံတဲ့ ဒေသခံ တပ်ဖွဲ့ဝင်တွေကို အကြံပေးနေတဲ့ ပြင်သစ် တပ်သားတွေကို ဆက်လက် တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ