ဘရာဇီး ထောင်ထဲ အကျဉ်းသားတွေ အချင်းချင်း သတ်ဖြတ်

  • 2 ဇန်နဝါရီ 2017
Image caption ရင်ခွဲရုံ အရှေ့ သက်ဆိုင်ရာ မိသားစုတွေ စုဝေး

ဘရာဇီးနိုင်ငံ၊ အမေဇုံ သစ်တော အလယ် တည်ရှိတဲ့ မင်နောက်စ် မြို့ပြင်က အကျဉ်းထောင်မှာ ထောင်ဆူ ခဲ့ပြီး အကျဉ်းသား အချင်းချင်း တိုက်ခိုက် ခဲ့ကြလို့ လူ ၅၆ ယောက် သေဆုံး သွားတယ်လို့ အာဏာပိုင် တွေက သတင်း ထုတ်ပြန်ပါတယ်။

အပြိုင် မူးယစ်ဆေးဝါး လူဆိုးဂိုဏ်း နှစ်ဂိုဏ်း အကြား တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပြီး အခုဆို ဘရာဇီး ရဲတွေက ထောင်ထဲမှာ ရှာဖွေရေးတွေ ပြုလုပ် နေကြသလို၊ ထောင်ဆူတုန်း လွတ်သွား ကြတဲ့ အကျဉ်းသားတွေကို ပတ်ဝန်းကျင် တောအုပ်တွေထဲ လိုက်လံ ဖမ်းဆီး နေပါတယ်။

သေဆုံး သွားသူတွေရဲ့ ရုပ်အလောင်းတွေကို ပို့ထားရာ ဒေသတွင်း ရင်ခွဲရုံ အရှေ့မှာတော့ သက်ဆိုင်ရာ မိသားစုတွေ စုဝေး ရောက်ရှိ နေပါတယ်။

တချို့ဆိုရင် ခေါင်းဖြတ် အသတ်ခံခဲ့ ကြရပြီး၊ အများစုကတော့ ထောင်ထဲ ခိုးသွင်း ထားကြတဲ့ သေနတ်တွေနဲ့ ပစ်ခတ် ခံခဲ့ကြရတာ ဖြစ်ပါတယ်။

အခင်းဖြစ်ရာ အာနီးဇူး ဂျိုဘင်း ဆိုတဲ့ ထောင်မှာ အကျဉ်းသား အရေအတွက် မတန်တဆ များနေပြီး အမေဇိုးနားစ် ပြည်နယ် အုပ်ချုပ်ရေးမှုး ကတော့ အကျဉ်းထောင် တွေ အတွက် ငွေကြေးတွေ ပိုမို သုံးစွဲမယ်လို့ ပြောလာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ