ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ ကို ကာကွယ်ဖို့ အိုဘားမား တိုက်တွန်း

  • 5 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်နယ် ထရမ့် သမ္မတ တာဝန် စတင် ထမ်းဆောင် တဲ့ ရက်မှာ ပဲ အိုဘားမား ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ ကို ရုပ်သိမ်းဖို့ ဆောင်ရွက်မှာ ဖြစ်

အမေရိကန် နိုင်ငံမှာတော့ သမ္မတ အိုဘားမား ပြဌာန်း ခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ နဲ့ ပတ်သက်ပြီး ဒီမိုကရက် နဲ့ ရီပတ်ဘလီကန် ပါတီ ခေါင်းဆောင် တွေ အကြားမှာ အငြင်းပွားနေပါတယ်။

ဒီမိုကရက် ပါတီ ခေါင်းဆောင် တွေ အနေနဲ့ အိုဘားမား ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် လို့ လူသိများတဲ့ ကျန်းမာရေး ဥပဒေ ကို ဆက်လက် တည်ရှိနေအောင် ကာကွယ် ဖို့ လိုအပ်တယ်လို့ သမ္မတ အိုဘာမား က တိုက်တွန်း ခဲ့ပါတယ်။

ရီပတ်ဘလီကန် ဘက် ကတော့ အိမ်ဖြူတော်မှာ ဒေါ်နယ် ထရမ့် သမ္မတ တာဝန် စတင် ထမ်းဆောင် တဲ့ ရက်မှာ ပဲ အိုဘားမား ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ ကို ရုပ်သိမ်းဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဒုတိယ သမ္မတ အဖြစ် ရွေးချယ် ခံထားရတဲ့ မိုက်ပန့်စ် က ပြောပါတယ်။

ဒါ့ အပြင် ဒေါ်နယ် ထရမ့် အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေသစ် ပြဌာန်း ဖို့ ပြင်ဆင် နေတယ်လို့လည်း ကွန်ကရက် လွှတ်တော်က ရီပတ်ဘလီကန် ခေါင်းဆောင် တွေ နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက်မှာ မိုက်ပန့်စ် က ပြောပါတယ်။

အိုဘားမား ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် မအောင်မမြင် ဖြစ်ရတာ ဟာ ဒီမိုကရက် တွေကိုပဲ အပြစ်တင်ရမှာ ဖြစ်တယ်လို့လည်း ဒေါ်နယ် ထရမ့် က ပြောကြား ထားပါတယ်။

ဒီမီုကရက်တွေ ဘက်ကတော့ အိုဘားမား ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ ကို ပြင်ဆင်ဖို့ ကြိုးစားတာ၊ ရုပ်သိမ်း ဖို့ ဆောင်ရွက်နေတာ ဟာ ရီပတ်ဘလီကန် ခေါင်းဆောင် တွေ ဖြစ်တာ ကြောင့် တစ်ခုခု အမှားအယွင်း ဖြစ်ခဲ့မယ်ဆိုရင် သူတို့ ကိုသာ အပြစ်တင် ရမှာ ဖြစ်တယ်လို့ အပြန်အလှန် ပြစ်တင် ဝေဖန်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ