လူကို နှိပ်စက်တဲ့မြင်ကွင်း ထုတ်လွှင့်တဲ့ လေးယောက်ဖမ်း

  • 5 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AP
Image caption အော့နှလုံးနာစရာကောင်းပြီး မုန်းတီးမှု အခြေခံတဲ့ ရာဇဝတ်မှုဖြစ်နိုင်

အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ လူတယောက်ကို ကြိုးနဲ့တုပ်၊ ပါးစပ်ကို တိပ်တွေနဲ့ ပိတ်ပြီးနှိပ်စက်နေတဲ့မြင်ကွင်းကို ဖေ့စ်ဘွတ်ကတိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ လူလေးယောက်ကို ဖမ်းလိုက်ပါတယ်။

ချီကာဂို ရဲဌာနက ရဲမှူး Eddie Johnson က ကျူးလွန်သူလေးဦးကို စွဲချက်တင်ဖို့ လုပ်နေပါတယ်။ နှိပ်စက်ခံရသူကတော့ ဆေးရုံက ဆင်းသွားပါပြီလို့ ပြောပါတယ်။

အဲဒီလူဟာ စိတ်ကျန်းမာရေး မပြည့်စုံသူတစ်ဦးလို့ ရဲက ပြောပါတယ်။

သူ့ကိုနှိပ်စက်နေသူတွေက လူဖြူတွေနဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို စော်ကားပြောဆိုနေတာကိုလည်း ဗီဒီယိုထဲမှာ ကြားရ ပါတယ်။

တစ်နေရာမှာတော့ ကြိုးနဲ့ ချည်ထားခံရသူရဲ့ ဦးခေါင်းခွံ အရေပြားကို ဓားနဲ့ခွာနေတဲ့မြင်ကွင်းကိုလည်း တွေ့ရပါတယ်။

ရဲတွေက ဒီဗီဒီယိုဟာ အော့နှလုံးနာစရာကောင်းပြီး မုန်းတီးမှု အခြေခံတဲ့ ရာဇဝတ်မှုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။