ဒက္ကား ကော်ဖီဆိုင် အကြမ်းဖက်မှုကို ကြိုးကိုင်သူကို အသေရရှိ

  • 6 ဇန်နဝါရီ 2017
Image caption ဒက္ကားမှာ စီးနင်းမှုတွေ ပြုလုပ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒက္ကာမြို့တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကဖေးဆိုင် တစ်ခုကို တိုက်ခိုက် ခဲ့မှုမှာ နောက်ကွယ်က ကြိုးကိုင် စီမံသူ တစ်ယောက်ကို အသေ ပစ်သတ် ဖမ်းဆီး နိုင်ခဲ့တယ် လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒက္ကာမြို့တော်မှာ ပြုလုပ် ခဲ့တဲ့ စီးနင်းမှု တစ်ခုမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ပေါ်ပေါက် ခဲ့ပြီး နူရ်ရူ အစ္စလာမ် မာဇန် ဆိုသူနဲ့ နောက် အစ္စလာမ်မစ် အကြမ်းဖက်သမား တစ်ယောက်လို့ ယူဆရသူ တစ်ဦးကို အသေ ရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ကဖေးဆိုင် တိုက်ခိုက ခံခဲ့ရ တုန်းက နိုင်ငံခြားသား အများစု ဖြစ်တဲ့ ဓားစာခံ လူ အယောက် ၂ဝ သေဆုံး ခဲ့ရပါတယ်။

အခု အသေဖမ်းဆီး ရရှိခဲ့တဲ့ မာဇန် ဆိုသူဟာ ဘင်္ဂလားဒေ့ရှ်မှာ မတရားသင်း ကြေညာ ခံထားရတဲ့ ဂျမအတ်တူလ် မူဂျာဟီဒင် JMB ပါတီဝင် တစ်ယောက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဇူလိုင်လ နောက်ပိုင်း အသေ ပစ်ခတ် ရရှိခဲ့တဲ့ လက်နက်ကိုင် အနည်းဆုံး အယောက် ၄ဝ ရှိတယ် လို့လည်း ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆို ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ