ဖလော်ရီဒါမှာ ပစ်ခတ်မှု ဖြစ်ပွား

  • 6 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် PBS
Image caption အခင်းဖြစ်ပွားရာ နေရာမှာ ရဲတွေ နဲ့ လူနာတင် ကားတွေ ရောက်ရှိနေပြီး ဒဏ်ရာ ရရှိ ခဲ့သူ တွေကို အကူအညီပေး

အမေရိကန် နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ် က ဖို့ဒ် လော်ဒါဒေး လေဆိပ်မှာ သေနတ် သမား တစ်ယောက်က ပစ်ခတ်မှုတွေ လုပ်ခဲ့တဲ့ အတွက် လူ ၅ ယောက် သေဆုံး ခဲ့ရပါတယ်။

လေဆိပ် ဂိတ်အမှတ် (၂) က ခရီးသည်တွေရဲ့ အထုပ်အပိုး တွေ ထားတဲ့ နေရာမှာ ပစ်ခတ် တိုက်ခိုက်မှု တွေ ဖြစ်ပွားခဲ့ တာလို့ လေဆိပ် တာဝန် ရှိသူ က ပြော ပါတယ်။

ခရီးသည် ရဲ့ အထုပ်အပိုးတွေ ထားတဲ့ နေရာနဲ့ မလှမ်းမကမ်းက ကွန်ကရစ် လမ်း ပေါ်မှာ လူတွေ ပိတ်မိနေကြပါတယ်။

အခင်းဖြစ်ပွားရာ နေရာမှာ ရဲတွေ နဲ့ လူနာတင် ကားတွေ ရောက်ရှိနေပြီး ဒဏ်ရာ ရရှိ ခဲ့သူ တွေကို အကူအညီပေးနေပါတယ်။

လောလောဆယ်မှာ လူ တစ်ယောက်ကို ဖမ်းဆီး ထားတယ်လို့ ဘရိုဝဒ် ရဲဌာန က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ