လေဆိပ် ပစ်ခတ် တိုက်ခိုက်မှု တရားခံကို စွဲချက်တင်

  • 8 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AP
Image caption စိတ်ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ ရှိမရှိ ဆိုတာ ကိုလည်း အမေရိကန် အာဏာပိုင်တွေက စုံစမ်း မှုတွေ လုပ်နေ

ဖလော်ရီဒါ ပြည်နယ် ဖို့ဒ် လော်ဒါဒေး လေဆိပ်မှာ ပစ်ခတ်မှုတွေ လုပ်ခဲ့ တဲ့ အီစတန်ဘ ဆန်တီယာဂို ကို တရားစွဲ ဆိုဖို့ စွဲချက်တင် လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိပြီ ဖြစ်တဲ့ ဆန်တီယာဂို ဟာ အမေရိကန် စစ်မှုထမ်းဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာ လေဆိပ်မှာ ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ သူ့ကို ရက်စက်ကြမ်းကြုတ်မှု၊ လူသတ်မှု တွေ နဲ့ စွဲချက် တင်ခဲ့တာပါ။

တရားရုံး က ပြစ်မှု ထင်ရှားကြောင်း စီရင် ဆုံးဖြတ်ချက် ချခဲ့ရင် သေဒဏ် ပြစ်ဒဏ် အထိ အပြစ်ပေး အရေးယူ နိုင်ပါတယ်။ ဒါ့အပြင် လက်နက် ကိုင်ဆောင်မှု နဲ့ ပတ်သက်ပြီးတော့လည်း သူ့ကိုယ် စွဲချက် တင်ခဲ့ကြပါတယ်။

ပြစ်မှုကျူးလွန်သူမှာ စိတ်ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ ရှိမရှိ ဆိုတာ ကိုလည်း အမေရိကန် အာဏာပိုင်တွေက စုံစမ်း မှုတွေ လုပ်နေပါတယ်။

စစ်မှုထမ်းဟောင်း တစ်ယောက်ဟာ ဒီဇင်လာ ၇ ရက်နေ့ က ဖို့ဒ်လော်ဒါဒေး လေဆိပ်မှာ ပစ်ခတ်မှု တွေ လုပ်ခဲ့ပြီးနောက်မှာ၊ အမေရိကန် နိုင်ငံက လုံခြုံရေး နဲ့ ပတ်သက်တဲ့ ဌာန ဆိုင်ရာ တွေဟာလည်း တာဝန် ပေါ့လျော့ တဲ့ အတွက် စစ်ဆေး မေးမြန်း ခံနေရပါတယ်။

ပစ်ခတ်မှုတွေ လုပ်ခဲ့တဲ့ အီစတန်ဘန် ဆန်တီယာဂို ရဲ့ပြုမှု နေထိုင်မှုဟာ မူမမှန် တဲ့ အတွက် စိတ်ကျန်းမာရေး ဆေးရုံမှာ သွားရောက် စစ်ဆေး ဖို့ စေလွှတ် ခဲ့ကြောင်း FBI က ထုတ်ဖော် ဝန်ခံ ထားပါတယ်။

အလက်စကာ ရဲ ဌာန တာဝန် ရှိသူက တော့ တရားခံ ရဲ့ လက်နက် နဲ့ ပတ်သက်ပြီး သူ့ကိုယ် စိတ်ကျန်းမာရေး ဆေးရုံကို ပို့ ခဲ့ပါတယ်။ အဲဒီ အချိန်တုန်း ကတော့ သူ့ ရဲ့ သေနတ် ကို သိမ်းယူ ထားခဲ့ပြီး နိုဝင်ဘာလ မှာ ပြန်လည် ပေးခဲ့တာ ဖြစ်တယ်လို့ ပြောကြားသွားတာပါ။

ဒါပေမယ့် ဖို့ဒ် လော်ဒါဒေး လေဆိပ်မှာ သူ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ သေနတ် ဟာ ရဲတပ်ဖွဲ့က ပြန်ပေးလိုက်တဲ့ သေနတ် လား ဆိုတာ ကတော့ အခုချိန် အထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ