မိုဆိုးလ် မြို့သိမ်းပွဲမှာ အစိုးရတပ်တွေ ဆက်လက် ထိုးဖောက်နေ

  • 8 ဇန်နဝါရီ 2017
Image caption မိုဆိုးလ် ပတ်ဝန်းကျင် နယ်မြေ နှစ်ခုကို အီရတ် အစိုးရ တပ်ဖွဲ့ဝင် တွေ သိမ်းပိုက်

အီရတ် နိုင်ငံမှာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ရဲ့ အဓိက ခြေကုပ်မြို့ မိုဆိုးလ် ကို ပိုင်းခြားထားတဲ့ တိုင်းဂရစ် မြစ်ရဲ့ ကမ်းနံဘေးထိ အီရတ် အစိုးရ အထူး တပ်ဖွဲ့တွေ ရောက်ရှိ နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မိုဆိုးလ် မြို့သိမ်းစစ် စတင် ခဲ့ပြီး ၃ လနီးပါး အကြာမှာ အခုလို အခြေအနေ မျိုး ရောက်ရှိ လာတာ ဖြစ်ပါတယ်။

အခု ရက်ပိုင်းတွေ အတွင်းမှာပဲ မိုဆိုးလ် ရဲ့ ပတ်ဝန်းကျင် နယ်မြေ နှစ်ခုကို အီရတ် အစိုးရ တပ်ဖွဲ့ဝင် တွေ သိမ်းပိုက် နိုင်ခဲ့ပြီး တဲ့ နောက် အခုလို ဆက်လက် ထိုးဖောက် လာနိုင်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ တုန်း ကတော့ တိုင်ဂရစ် မြစ်ကူး တံတား ၅ စင်းထဲက တစ်စင်းကို IS တွေ ဖျက်စီး ပစ်ခဲ့ပါတယ်။

ဒီ အပြုအမူကို ကြည့်ရင် IS တွေ ဘက်က အတော် သွေးပျက် နေကြပြီ ဆိုတာ သိသာ နိုင်တယ်လို့ အီရတ် အစိုးရတပ်က အရာရှိ တစ်ယောက်က ပြောပါတယ်။

အီရတ် အစိုးရ တပ်တွေဟာ မိုဆိုးလ် မြို့သိမ်း စစ်မှာ ဗျူဟာ အပြောင်းအလဲ တွေ ပြုလုပ် ပြီး စစ်မျက်နှာ အများအပြားကို တပြိုင်တည်းဖွင့် တိုက်ခိုက် လာခဲ့တဲ့ နောက် အောင်မြင်မှု တွေ ရရှိ လာတယ်လို့ သုံးသပ်သူ တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ