ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်း လားရာ အစီရင်ခံစာ ထွက်လာ

  • 9 ဇန်နဝါရီ 2017
Image caption စစ်အေးခေတ် နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေ တွေကို ကြုံတွေ့ လာရမယ်

ကမ္ဘာကြီးပေါ်မှာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ တွေနဲ့ နိုင်ငံတွေကြား စစ်ပွဲ တွေဟာ လာမယ့် ၅ နှစ် အတွင်း ပိုပြီး ဖြစ်လာ ကြ ဦးမယ် လို့ အသစ် ထွက်ရှိ လာတဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာထဲ သတိ ပေးထားပါတယ်။

စစ်အေးခေတ် နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေ တွေကို ကြုံတွေ့ လာရမှာ ဖြစ်တယ် လို့ အဲဒီ့ ဂလိုဘယ် ထရင်းစ် အစီရင် ခံစာက ဆိုပါတယ်။

စီးပွားရေး တိုးတက်နှုန်း နှေးကွေး နေတာနဲ့ အဆင့်မြင့် နည်းပညာ တွေကြောင့် လူတွေ အလုပ် အကိုင် အာမခံချက် ထိခိုက် နေတာ တွေကြောင့် ဆင်းရဲ မွဲတေမှု ပြဿနာ မဖြေရှင်း နိုင်ပဲ၊ လာမယ့် နှစ်တွေ အတွင်း နိုင်ငံတွေ ကြားထဲ တင်းမာမှု တွေ ပိုမို မြင့်တက် လာမယ်လို့ အစီရင် ခံစာထဲ သုံးသပ် ထားပါတယ်။

ဒီ အခြေအနေတွေဟာ အစွန်းရောက် အမျိုးသားရေး ဝါဒ ကို ပိုမို ခေါင်းထောင် ထကြွ လာစေမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

အမေရိကန် နိုင်ငံရေး မသေချာ မရေရာ ဖြစ်နေချိန်မှာ ဥရောပ အနေနဲ့လည်း ကိုယ့် ပြဿနာနဲ့ ကိုယ် ရှုပ်ထွေး နေပြီး၊ ကမ္ဘာတလွှား လက်နက်ကိုင် ပဋိပက္ခ တွေကြောင့် နိုင်ငံတကာ လူ့အခွင့် အရေး စံတန်ဖိုး တွေ ချိနဲ့ နေတဲ့ အခင်းအကျင်းဟာ တရုတ်နဲ့ ရုရှား တို့ အတွက် အမေရိကန် ဩဇာကို ပိုပြီး စိန်ခေါ် လာစေဖို့ တွန်းအား ဖြစ်စေတယ်လို့ ဂလိုဘယ် ထရင်းစ် အစီရင်ခံစာက ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ