တူနီးရှား အကြမ်းဖက်မှု နောက်ကွယ်က သူကို ဘီဘီစီ ဖော်ထုတ်နိုင်

  • 9 ဇန်နဝါရီ 2017
Image caption အယ်လ်-ဆန်ဒီ လစ်ဗျား နိုင်ငံထဲပုန်းရှောင် နေတယ်လို့ ယူဆထား

တူနီးရှား နိုင်ငံထဲ ကမ္ဘာလှည့် ခရီးသည်တွေ အသွား အများဆုံး နေရာ ၂ ခုကို ၂ဝ၁၅ တုန်းက အကြမ်းဖက် တိုက်ခိုက် ခဲ့မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင် စီမံ ခဲ့သူ အဖြစ် ယူဆ ခံနေရသူ ဘယ်သူဘယ်ဝါ ဆိုတာကို ဘီဘီစီ အနေနဲ့ ဖော်ထုတ် နိုင်ခဲ့ပါတယ်။

ကျူးနစ် မြို့တော်က ဘာဒိုး ပြတိုက်ကို တိုက်ခိုက် ခဲ့မှု နဲ့ ဆူ့စ် ကမ်းခြေ အပန်းဖြေ ဟိုတယ် မှာ ပစ်ခတ်ခဲ့မှု တွေကို စီစဉ် ခဲ့သူဟာ ချမ်ဆဒင်း အယ်လ်-ဆန်ဒီ ဆိုသူ ဖြစ်တယ် ဆိုတာ ဖော်ပြ နေတဲ့ စာရွက်စာတမ်း တွေကို ဘီဘီစီက ရရှိ ထားပါတယ်။

အဲဒီ အကြမ်းဖက် တိုက်ခိုက်မှု နှစ်ခု အတွင်း လူ ၆ဝ သေဆုံး ခဲ့ရပြီး၊ အများစုဟာ ဗြိတိသျှ နိုင်ငံသား တွေ ဖြစ်ပါတယ်။

အယ်လ်-ဆန်ဒီ ဆိုသူကတော့ လစ်ဗျား နိုင်ငံထဲ လတ်တလော ပုန်းရှောင် နေတယ်လို့ ယူဆ ရပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က အဲဒီ တိုက်ခိုက်မှု နှစ်ခုစလုံးကို သူတို့ လုပ်ဆောင်တာ ဆိုပြီး ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ