သမီးတွေ ကျောင်းရေကူးသင်တန်း မလွှတ်ဖို့ မိဘ တောင်းဆို

  • 10 ဇန်နဝါရီ 2017
Image caption စထရားဘိုး မြို့က ဥရောပ လူ့အခွင့်အရေး ရုံးတော်

ဆွစ်ဇာလန် က မွတ်ဆလင် မိဘ ၂ ပါးဟာ သူတို့ သမီးတွေကို ကျားမ ရောကူးရတဲ့ ကျောင်းရေကူးသင်တန်း မလွှတ်ဖို့ တောင်းဆိုတာဟာ စထရားဘိုး မြို့က ဥရောပ လူ့အခွင့်အရေး ရုံးတော်မှာ အရေးနိမ့်သွားပါတယ်။

Basle မှာ အခြေချတဲ့ တူရကီ ဇနီး မောင်နှံက ဒါဟာ သူတို့ ဘာသာရေးနဲ့ ဆန့်ကျင်တယ် လို့ ဆိုပါတယ်။

အရွယ်မရောက်သေးတဲ့ မိန်းကလေး တွေကို ရေကန်ထဲမှာ ယောက်ျားလေးတွေနဲ့ ရောမထားစေချင်ဘူးလို့လည်း ပြောပါတယ်။

ဒီလို မသင်မနေရ ရေကူးသင်တန်း တွေဟာ ဘာသာရေး လွတ်လပ်ခွင့် ကို နှောင့်ယှက်တာတွေ ရှိနေတယ် လို့လည်း ဥရောပ တရားသူကြီးတွေက သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ လူမှု အသိုင်းအဝိုင်းထဲ ဝင်ဆံ့ဖို့ အတွက် ကျောင်းတွေဟာ အရေးကြီးတဲ့ နေရာက ပါတယ်၊ အထူးသဖြင့် နိုင်ငံခြားသား မိဘတွေက လာတဲ့ ကလေးတွေ အတွက် ပိုပြီး အလေးထားသင့်တယ်၊ ဒါဟာ ရေကူး သင်တာ သက်သက်မဟုတ်ဘူး လို့လည်း သူတို့က ဆိုပါတယ်။