လွှတ်တော် ကော်မတီ ရှေ့မှောက် မစ္စတာ ဆက်ရှင်စ် ထွက်ဆို

  • 10 ဇန်နဝါရီ 2017
Image caption အယ်လ်ဘားမား ပြည်နယ်က ဆီနိတ်တာ အမတ် ဂျက်ဖ် ဆက်ရှင်စ်

အမေရိကန် ရှေ့နေချုပ် အဖြစ် ခန့်အပ်ဖို့ ဒေါ်နယ်ထရမ့်က လျာထားတဲ့ ရီပတ်ဘလစ်ကင် ဆီနိတ်တာ အမတ် ဂျက်ဖ် ဆက်ရှင်စ်ဟာ သူ့ အနေနဲ့ ဘာ့ကြောင့် ဒီ ရာထူး နေရာနဲ့ ထိုက်တန်သူ ဖြစ်သလဲ ဆိုတာကို ကွန်ဂရက်စ် လွှတ်တော် ကော်မတီ ရှေ့မှောက် အစစ်ဆေး အမေးမြန်း ခံခဲ့ ပြီ ဖြစ်ပါတယ်။

ဒါဟာ လွှတ်တော် ကော်မတီက မစ္စတာ ဆက်ရှင်စ်ကို ရှေ့နေချုပ် အဖြစ် အတည်ပြု ရမလား ဆိုတာကို ဆုံးဖြတ် နိုင်ဖို့ ပြုလုပ်တဲ့ ပထမ အကြိမ် ကြားနာပွဲ ဖြစ်ပါတယ်။

မစ္စတာ ဆက်ရှင်စ် ဟာ အင်မတန် ရှေးရိုးစွဲ အတွေးအမြင်တွေ လက်ကိုင်ထားသူ ဖြစ်တယ်လို့ ရှုမြင် ထားကြတဲ့ ဒီမိုကရက် တွေရဲ့ မေးခွန်း တွေကို အခု ကြားနာပွဲ မှာ မစ္စတာ ဆက်ရှင်စ် ရင်ဆိုင် ခဲ့ရပါတယ်။

လူမျိုးစွဲ ၊ အသားရောင်စွဲ ရှိသူ လို့ သူ့ အပေါ် ဝေဖန်မှုတွေကို မစ္စတာ ဆက်ရှင်စ် ပယ်ချ ခဲ့ပြီး၊ လူဖြူ ကြီးစိုးရေး ဝါဒီတွေ ဖြစ်တဲ့ Ku Klux Klan ကေသုံးလုံး ဂိုဏ်း အပေါ် ထောက်ခံသူ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်ကို လည်း ငြင်းဆန် ခဲ့ပါတယ်။

မစ္စတာ ဆက်ရှင်စ်ဟာ အယ်လ်ဘားမား ပြည်နယ်က လက်ျာ နိုင်ငံရေး ဝါဒ ရှိတဲ့ ဆီနိတ်တာ အထက် လွှတ်တော် အမတ် ဖြစ်ပါတယ်။

အခု လွှတ်တော် ကြားနာပွဲ မှာတော့ မစ္စတာ ဆက်ရှင်စ်က သူ့ အနေနဲ့ လိင်တူ လက်ထပ်ခွင့်နဲ့ ကိုယ်ဝန် ဖျက်ချခွင့် တို့ဟာ အမေရိကန် ပြည်ထောင်စု အတွင်း တချို့ နေရာ တွေမှာ သက်ဝင် ပြီး ဖြစ်တဲ့ ဥပဒေ တွေ အဖြစ် လက်ခံပါတယ် ဆိုပြီး ထွက်ဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ