ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အသစ် လုံခြုံရေး ကောင်စီမှာ မိန့်ခွန်း ပြော

  • 10 ဇန်နဝါရီ 2017
Image caption ပဋိပက္ခတွေ ကြိုတင် ဟန့်တားရေးကို အာရုံစိုက် လုပ်မယ်

ကမ္ဘာကြီးပေါ်မှာ လက်နက်ကိုင် ပဋိပက္ခ တွေ မပေါ်ပေါက် အောင် ကြိုတင် တားဆီး နိုင်ဖို့ ချည်းကပ်မှု အသစ် တွေနဲ့ ဆောင်ရွက် ကြပါစို့ ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အသစ် ဖြစ်လာတဲ့ အန်ထော်ညူး ဂူထာရက်ရှ်က ဆော်ဩ လိုက်ပါတယ်။

လုံခြုံရေး ကောင်စီကို ကုလ အတွင်းရေးမှုး ချုပ် အဖြစ် ပထမဆုံး ပေးတဲ့ မိန့်ခွန်းထဲ မစ္စတာ ဂူးထားရက်ရှ်က အခုလို ဆော်ဩ ခဲ့တာပါ။

လက်နက်ကိုင် ပဋိပက္ခ ပေါက်ကွဲ ထွက်တော့မယ့် အရိပ်အယောင် တွေ အသေအချာ တွေ့မြင် နေချိန် မှာတောင် လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံ တချို့က စစ်ကို ကြိုတင် ကာကွယ် တားဆီးဖို့ရာ ပျက်ကွက် ခဲ့ကြတယ်လို့ မစ္စတာ ဂူထားရက်ရှ်က ဝေဖန် ခဲ့ပါတယ်။

ဒီလို ပျက်ကွက်မှု တွေရဲ့ အကျိုးဆက် အဖြစ် စစ်ပွဲ တစ်ခု ပြေငြိမ်းဖို့ရာ အချိန်တွေ အရင်းအနှီးတွေ အများကြီး ကျခံ သုံးစွဲရတဲ့ နောက်ဆက်တွဲ အခြေအနေတွေ ပေါ်ပေါက် လာရတယ်လို့လည်း မစ္စတာ ဂူးထားရက်ရှ်က ဆိုပါတယ်။

ဒါ့ကြောင့် ပဋိပက္ခတွေ ကြိုတင် ဟန့်တားရေးကို ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှုး ချုပ် အနေနဲ့ အာရုံစိုက် လုပ်ဆောင်မယ် ဆိုပြီး မစ္စတာ ဂူးထားရက်ရှ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ