ကိုယ်ဝန်တားဆေး အခမဲ့ ပေးဖို့ ဖိလစ်ပိုင် သမ္မတ ညွှန်ကြား

  • 12 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မိသားစု သားဆက်ခြားရေး အစီအစဉ်ဟာ မဖြစ်မနေ လိုအပ်ကြောင်း ဖိလစ်ပိုင် အရာရှိ တစ်ဦး က ပြော

ဖိလစ်ပိုင် နိုင်ငံက အစိုးရ ကျန်းမာရေး ဌာနတွေ အနေနဲ့ ပဋိသန္ဓေ တားဆေး တွေ အခမဲ့ ထုတ်ဝေ ပေးဖို့ သမ္မတ ရိုဒရီဂို ဒူတာတေး က ညွှန်ကြားချက် ထုတ်ပြန် လိုက်ပါတယ်။

ဖိလစ်ပိုင် အမျိုးသမီး ၆ သန်း လောက်ဟာ ကိုယ်ဝန် တားဆေး ရဖို့ အခွင့်အရေး မရှိကြဘူး လို့ စာရင်း ဇယားတွေ က ဖော်ပြ နေပါတယ်။

ဆင်းရဲမွဲတွေမှု ကြောင့် ကိုယ်ဝန် မဆောင်လို ကြတဲ့ မိသားစုတွေကို အခမဲ့ ကိုယ်ဝန် တားဆေး ပေးဖို့ သမ္မတ ဒူတာတေး က ညွှန်ကြား ခဲ့တာလည်း ဖြစ်ပါတယ်။

မိသားစု သားဆက်ခြားရေး အစီအစဉ်ဟာ မဖြစ်မနေ လိုအပ်ကြောင်း ဖိလစ်ပိုင် အရာရှိ တစ်ဦး က ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ အစိုးရ အဆက်ဆက် က သားဆက် ခြားရေး အစီအစဉ်တွေ လုပ်ဆောင် ခဲ့ကြပေမယ့် အမြဲလိုလို အပြင်းအထန် ဆန့်ကျင် ကန့်ကွက်မှု တွေ နဲ့ တွေ့ကြုံခဲ့ရပါတယ်။

အထူးသဖြင့် ကက်သလစ် ခရစ်ယန် ဘာသာဝင် တွေက အစိုးရရဲ့ သားဆက် ခြားရေး အစီအစဉ် ကို အပြင်းအထန် ဝေဖန်လေ့ ရှိပါတယ်။ ဖိလစ်ပိုင် နိုင်ငံမှာ လူဉီးရေ ရဲ့ ၈၀ ရာခိုင်နှုန်း က ကက်သလစ် ဘာသာဝင်တွေ ဖြစ်ပါတယ်။

ကိုယ်ဝန်ဖျက်ချမှု ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေရဲ့ တောင်းဆို မှုကြောင့် တရားရုံးချုပ် က ကိုယ်ဝန်တားဆေး ဖြန့်ဖြူးပေးမှု ကို ၂၀၁၅ ခုနှစ်မှာ တားမြစ် ထားခဲ့တာ ဖြစ်ပါတယ်။

အထက်တန်း ကျောင်းတွေမှာလည်း လိင် ပညာပေး အစီအစဉ်တွေ သင်ကြားပေးဖို့ ညွှန်ကြားထားပါတယ်။

၂၀၂၂ ခုနှစ်မှာ ဆင်းရဲ မွဲတေမှု လျော့နည်း ကျဆင်းအောင် ဆောင်ရွက်နိုင်ဖို့ ဖိလစ်ပိုင် သမ္မတ က မျှော်မှန်း လုပ်ဆောင်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ