မမှန်သတင်း ကန် ထောက်လှမ်းရေး ဖွင့်ချတာလို့ ထရမ့် တုန့်ပြန်

  • 12 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ ထရမ့် နဲ့ ပြည့်တန်ဆာ တွေ ရဲ့ ဗီဒီယိုတွေ၊ သူ့ရဲ့ စီးပွားရေး ကို ထိခိုက် စေနိုင်တဲ့ သတင်း အချက်အလက် တွေကို ရုရှ အစိုးရ က ရရှိ ထားတယ်လို့ အမေရိကန် သတင်းဌာန တွေမှာ ဖော်ပြ ခဲ့

အမေရိကန် ရွေးကောက်ခံ သမ္မတ ကို သိက္ခာ ကျစေ နိုင်တဲ့ ပုဂ္ဂိုလ်ရေး သတင်း တွေ ရုရှ မှာ ရှိနေတဲ့ ဆိုတဲ့ ကိစ္စ ဟာ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ တွေက ထုတ်ပြန် တာ လို့ ဒေါ်နယ် ထရမ့် က စွပ်စွဲ ပြောကြား လိုက်ပါ တယ်။

အကယ်၍ သတင်း အချက်အလက် ပေါက်ကြား ခဲ့မှု က ထောက်လှမ်းရေး အေဂျင်စီ တွေရဲ့ လက်ချက်လို့ ဆိုရင် ထောက်လှမ်းရေး အဖွဲ့အစည်း တွေရဲ့ ဂုဏ်သိက္ခာ ကျဆင်း ခဲ့ပြီ ဖြစ်ကြောင်း သမ္မတ အဖြစ် ရွေးချယ် ခံရပြီးနောက်မှာ ပထမဆုံး လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့ ပါတယ်။

အစောပိုင်း အချိန်မှာတုန်း က မစ္စတာ ထရမ့် နဲ့ ပြည့်တန်ဆာ တွေ ရဲ့ ဗီဒီယိုတွေ၊ သူ့ရဲ့ စီးပွားရေး ကို ထိခိုက် စေနိုင်တဲ့ သတင်း အချက်အလက် တွေကို ရုရှ အစိုးရ က ရရှိ ထားတယ်လို့ အမေရိကန် သတင်းဌာန တွေမှာ ဖော်ပြ ခဲ့ပါတယ်။

အတည်မပြု နိုင်တဲ့ စွပ်စွဲ ရေးသားချက်တွေ နဲ့ ပတ်သက်ပြီး မသတီစရာ ကောင်းတဲ့ လူတွေ ရဲ့ လက်ချက်လို့ ဒေါ်နယ် ထရမ့် က ဒေါသ တကြီး နဲ့ ပြင်းပြင်းထန်ထန် ဝေဖန် တုန့်ပြန် ခဲ့ပါတယ်။

အမေရိကန်မှာ သမ္မတ အဖြစ် အရွေးခံရပြီးနောက် ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲမှာတင် မစ္စတာ ထရမ့်က သူ့ကို သိက္ခာ ကျစေ နိုင်တဲ့ ပုဂ္ဂိုလ်ရေး သတင်းတွေ ရုရှက ရတယ် ဆိုတဲ့ စွပ်စွဲမှု ထွက်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် ထောက်လှမ်းရေးတွေကို ပြင်းပြင်းထန်ထန် စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ဘယ်တုန်းကမှ မဖြစ်ခဲ့တဲ့ အချက်အလက် အတုအယောင်တွေကို လူထုဆီ ထုတ်ပြန်တာဟာ အင်မတန် ရှက်ဖွယ် ဖြစ်တယ် ၊ ကောလာဟလတွေ တင်တဲ့ ဝက်ဆိုက်တွေလို မကောင်းတဲ့ အကျိုးဆက်ကို သူတို့ ခံစားရလိမ့်မယ်လို့ မစ္စတာ ထရမ့်က ဆိုပါတယ်။

ဒါပေမဲ့ မစ္စတာ ထရမ့်က ရွေးကောက်ပွဲ ကာလတုန်းက အင်တာနက် တိုက်ခိုက် ဖောက်ထွင်းမှုတွေနောက်မှာ ရုရှ ပါနေတယ် ဆိုတာကိုတော့ ပထမဆုံးအကြိမ် လက်ခံ ပြောကြားခဲ့ပါတယ်။

နောက် သူ့စီးပွားရေး လုပ်ငန်း အဝဝကိုလည်း သူ့ သား ၂ ယောက် လက်ထဲ လုံးဝ လွှဲထားလိုက်ပြီလို့ သူက ဆိုပါတယ်။ အရင်တပတ်က ထောက်လှမ်းရေးရဲ့ သတင်းအချက် အစီရင်ခံပွဲမှာတော့ သူ့အနေနဲ့ ဘာမှ မပြော နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

ထောက်လှမ်းရေး ဘက်ကတော့ သူနဲ့ အိုဘားမားကို သူတို့ တင်ပြခဲ့တဲ့ အချက်အလက်တွေဟာ ဆီလျော်မှု ရှိတယ်လို့ ယူဆပါတယ်။ တိုင်းပြည် အတွက် အမြင့်ဆုံး တာဝန်တွေ ထမ်းနေနဲ့ သူတွေကို မစ္စတာ ထရမ့် အနေနဲ့ ပစ်ပစ်ခါခါ မပြောသင့်ဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest ကတော့ ဆိုပါတယ်။

နောက် မစ္စတာ ထရမ့် ရဲ့ အတွင်းရေး ဗီဒီယို ဖိုင်တခု ထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း ထောက်လှမ်းရေးတွေကို သူက ဒေါသထွက်နေပါတယ်။ မော်စကို ဟိုတယ် တခုမှာ ထရမ့် တည်းနေတုန်း ပြည့်တန်ဆာတွေ ခေါ်တယ် ဆိုတဲ့ ဗီဒီယို ဖြစ်ပါတယ်။

သူ့အနေနဲ့ ပြည်ပ ခရီးတွေမှာ အရမ်း သတိထားတယ် လို့လည်း ဆိုပါတယ်။ ရုရှ ဘက်ကလည်း ဒါကို ငြင်းဆိုပါတယ်။ ဒါပေမဲ့ ဒီစွပ်စွဲမှုတွေက ထွက်လာတာ လပိုင်းလောက် ရှိပါပြီ။ ဒါတွေဟာ ထရမ့်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတခုက ထုတ်တဲ့ အချက်တွေက လာတာပါ။ စီအိုအေ ဘက်ကတော့ ဒီအချက်တွေကို ခိုင်လုံတယ်လို့ ယူဆပါတယ်။ ဒီထဲမှာ အချက်အလက် မခိုင်မာတာတွေလည်း ပါပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ