ဟီလာရီ နဲ့ FBI ကိစ္စ အမေရိကန် တရားရေးဌာန စစ်ဆေးမယ်

  • 13 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AP
Image caption FBI အကြီးအကဲ ဂျိမ်းစ် ကိုမီ

ရွေးကောက်ပွဲ မဲဆွယ် ချိန် ကာလ အတွင်းမှာ ဟီလာရီ ကလင်တန် ရဲ့ ကိုယ်ပိုင် အီးမေးလ် ဆာဗာ အသုံးပြုခဲ့မှု ကို စစ်ဆေး မယ်ဆိုတဲ့ FBI ရဲ့ ကြေညာမှု နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေး သွားမယ်လို့ အမေရိကန် တရားရေး ဌာန က ပြောကြား လိုက်ပါတယ်။

အဲဒီ ကိစ္စ နဲ့ ပတ်သက်ပြီး FBI အပြင် သူ့ရဲ့ အမေရိကန် တရားရေး ဌာန ကိုလည်း စုံစမ်း စစ်ဆေးဖို့ ပြင်ဆင် နေကြောင်း တရားရေး ဌာန အကြီးအကဲ မိုက်ကယ် ဟိုရိုဝစ်ဇ် က ပြောပါတယ်။

အမေရိကန် နိုင်ငံ မှာ ရွေးကောက်ပွဲ မကျင်းပခင် နှစ်ပတ် အလိုမှာ ဟီလာရီ ကလင်တန် ရဲ့ ကိုယ်ပိုင် အီးမေးလ် ဆာဗာ အသုံးပြု ခဲ့မှု ကို ပြန်လည် စစ်ဆေး မယ်လို့ FBI အကြီးအကဲ ဂျိမ်းစ် ကိုမီ က ထုတ်ဖော် ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ မတိုင်ခင် ရက်ပိုင်း မှာတော့ ဟီလာရီ ကလင်တန် အနေနဲ့ ဘာ မှ အမှားအယွင်း လုပ်ခဲ့တာ မရှိဘူးလို့ FBI က ပြန်လည် ထုတ်ပြန် ခဲ့တာလည်း ဖြစ်ပါတယ်။

FBI ရဲ့ ထုတ်ပြန်ချက်ကြောင့် မဲပေး ကြမယ့် အမေရိကန် ပြည်သူတွေ အကြားမှာ စိုးရိမ်မှု တွေ ဖြစ်ပေါ် ခဲ့ပြီး ဒေါ်နယ် ထရမ့် ကို အရှုံးပေး ခဲ့ရတာ ဖြစ်ကြောင်း ကလင်တန် ရဲ့ မဲဆွယ် စည်းရုံးရေး အဖွဲ့က ပြောကြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ