ထိုင်း ဘုရင် ဆန္ဒ အတိုင်း ဖွဲ့စည်းပုံပါ အချက် ပြင်ဖို့ ပါလီမန် သဘောတူ

  • 13 ဇန်နဝါရီ 2017
Image caption ဘုရင် ဝိချရာ လောင်ကွန်း ဆန္ဒ အတိုင်း အခြေခံ ဥပဒေ ပြင်မယ်။

ထိုင်း နိုင်ငံ ဘုရင်သစ်ရဲ့ ဆန္ဒ အတိုင်း အခြေခံ ဥပဒေ ပြုပြင် မှုတွေ လုပ်ဖို့ ထိုင်း ပါလီမန်က မဲခွဲ အတည် ပြုလိုက်ပါတယ်။

လက်ရှိ ထိုင်း အခြေခံ ဥပဒေ မူကြမ်းကို ပြီးခဲ့တဲ့ နှစ် ကပဲ ပြည်လုံးကျွတ် ဆန္ဒ ခံယူပြီး အတည် ပြု ထားတာ ဖြစ်ပေမယ့် အသက် ဝင်လာဖို့ရာ ဘုရင်သစ် မဟာ ဝိချရာ လောင်ကွန်းရဲ့ သဘောတူမှု ကို စောင့်ဆိုင်း နေရတာ ဖြစ်ပါတယ်။

ဘုရင် ဝိချရာ လောင်ကွန်း က သူ့ဘက်က သဘောတူ အတည် ပြုမှု မလုပ်ခင် အခြခံ ဥပဒေပါ ထိုင်း ထီးနန်း နဲ့ သက်ဆိုင်တဲ့ အချက် တချို့ကို ပြင်ဆင် လိုတယ်လို့ ပြော လာခဲ့ပါတယ်။

ထိုင်း ဘုရင် နိုင်ငံရပ် ခြား ရောက်နေချိန် မှာ ဖြစ်စေ၊ ဘုရင် အနေနဲ့ တာဝန် ဝတ္တရား တွေကို မထမ်း ဆောင် နိုင်တဲ့ အခြေ အနေမှာ ဖြစ်စေ ဘုရင့် အကြံပေး ကောင်စီရဲ့ ဥက္ကဌဟာ ထီးနန်း ထိန်းသိမ်းသူ အဖြစ် အလိုအလျောက် ဆောင်ရွက် ရတဲ့ အခြေခံ ဥပဒေပါ အချက်ကို ဘုရင် ဝိချရာ လောင်ကွန်းက ပြင်ဆင် လိုတာ ဖြစ်ပါတယ်။

ဘုရင် ဝိချရာ လောင်ကွန်း အိမ်ရှေ့စံ ဘဝက အချိန် အများစုဟာ နိုင်ငံရပ်ခြား မှာ နေထိုင် ခဲ့တာ ဖြစ်ပြီး အဓိက ဂျာမနီမှာ နေထိုင် ခဲ့သူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ