မွေးကင်းစမှာ ပျောက်ဆုံး ခဲ့သူ ကို ၁၈ နှစ်အကြာမှာ ပြန်ရှာတွေ့

  • 14 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် JACKSONVILLE SHERIFF'S OFFICE
Image caption (ဓါတ်ပုံ - ဝဲ ကာမီယာ မော့ဘ်လေး ၊ ယာ -ယူဆောင်သွားသူ ဂလိုရီယာ ဝီလျံ)

လွန်ခဲ့တဲ့ ၁၈ နှစ်တုန်း က အမေရိကန် နိုင်ငံ က ဆေးရုံ တစ်ခုမှာ မွေးကင်းစ အရွယ်မှာတုန်း က ပျောက်ဆုံး သွားတဲ့ ကာမီယာ မော့ဘ်လေး ကို တောင် ကယ်ရိုလိုင်းနား ပြည်နယ်မှာ ပြန်လည် ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

၁၉၉၈ ခုနှစ် မှာ တုန်း က ဖလော်ရီဒါ ပြည်နယ် က ဆေးရုံ တစ်ခုမှာ ကာမီယာ မော့ဘ်လေး ဟာ မွေးပြီး ၈ နာရီ အကြာမှာ ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

ဂလိုရီယာ ဝီလျံ ဆိုတဲ့ အမျိုးသမီး ဟာ သူနာပြု အဖြစ် ဟန်ဆောင်ပြီး ကာမီယာ လေး က အဖျား ရှိနေတဲ့ အတွက် သူ့ ကိုယ် ပြုစု ဖို့ လိုမယ် ဆိုပြီး ယူဆောင် သွားတာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန် ရှိသူ က ပြော ပါတယ်။

ကာမီယာ ကို သူက နောက်ထပ် အမည် တစ်ခု ပြောင်းပေး ခဲ့ပြီး သူ့ ရဲ့ သမီး အဖြစ် ပတ်ဝန်ကျင်းကို ပြောကြား ထားတာ ဖြစ်ပါတယ်။ အခုတော့ ကာမီယာ လေး ကို ယူဆောင်သွားတဲ့ ဂလိုရီယာ ဝီလျံ ကို ပြန်ပေး ဆွဲမှု နဲ့ ဖလော်ရီဒါ ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး ထားပါတယ်။

မိဘရင်းတွေက ကာမီယာ ကို ပြန်ရှာတွေ့ ပြီလို့ သိရလို့ အလွန် ပျော်ရွှင် နေကြပါတယ်။ ကာမီယာ ရဲ့ DNA နဲ့ တိုက်ဆိုင် စစ်ဆေး ဖို့ အတွက် သူ့ရဲ့ အဖေ နဲ့ အမေ တို့ကို အကြောင်းကြား ထားတယ်လို့လည်း ရဲတပ်ဖွဲ့ က ပြောပါတယ်။

လက်ရှိမှာ ကာမီယာ ဟာ ၁၈ နှစ် အရွယ် မိန်းမပျို တစ်ဦး ဖြစ်နေတဲ့ အတွက် သတင်းဌာန တွေ အနေနဲ့ အကာအကွယ်ပေးဖို့ ရဲတပ်ဖွဲ့ က ပန်ကြား ခဲ့ပါတယ်။

ကာမီယာ မော့ဘ်လေး ပျောက်ဆုံး ခဲ့မှု ကို စုံစမ်း စစ်ဆေးမှု တွေ လုပ်နေတဲ့ အချိန်မှာ သတင်းပေးချက် အမြောက်အများ လက်ခံ ရရှိခဲ့ပြီး အဲဒါတွေ ကို လိုက်လံ စစ်ဆေးရာကနေ ၁၈ နှစ် ကျော် ကြာတဲ့ အချိန်မှာ အသက်ရှင်လျှက် ပြန်လည် ရှာဖွေ တွေ့ ခဲ့ရတာ ဖြစ်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း

(ဓါတ်ပုံ - ဝဲ ကာမီယာ မော့ဘ်လေး ၊ ယာ -ယူဆောင်သွားသူ ဂလိုရီယာ ဝီလျံ)

ဒီသတင်းနဲ့ပတ်သက်သမျှ