ပြင်သစ်မှာ အရှေ့အလယ်ပိုင်း ထိပ်သီးအစည်းအဝေးလုပ်

  • 15 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေးနဲ့ ပါလက်စတိုင်း တရားဝင်မတွေ့တာ ၂၀၁၄ ခုနှစ် ကတည်းက ဖြစ်ပါတယ်

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ နိုင်ငံတကာ အစည်းအဝေးတရပ် ကျင်းပနေပြီး နိုင်ငံပေါင်း ၇၀ကျော်က နိုင်ငံခြားရေးဝန်ကြီးနဲ့ သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီ အစည်းအဝေးကို တက်ရောက်တဲ့ ကိုယ်စားလှယ်တွေဟာ အစ္စရေး၊ ပါလက်စတိုင်း ၂နိုင်ငံ တရားဝင်ခွဲခြားသတ်မှတ်မယ့် အစီအစဉ်ကို ထောက်ခံဖို့ အလားအလာရှိပေမယ့် ပါလက်စတိုင်းကော အစ္စရေးပါ ဒီအစည်းအဝေးကို မတက်ခဲ့ကြပါဘူး။

ဒီအစည်းအဝေးမှာ အဖွင့် အမှာစကား ပြောကြားခဲ့တဲ့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယန်းမာ့ကေးဟို့က

"အစ္စရေးနဲ့ ပါလက်စတိုင်းတို့ တရားဝင် ၂နိုင်ငံဖြစ်လာဖို့ဆိုရင် ဒီနှစ်နိုင်ငံ အချင်းချင်း တွေ့ဆုံ ဆွေးနွေးမှပဲ ဖြစ်နိုင်ပါတယ်။

ဒီလို တွေ့ဖြစ်ဖို့ ခက်ပေမယ့် ကျနော်တို့အားလုံးမှာ ဒီကိစ္စဖြစ်လာအောင်လုပ်ဖို့ တာဝန်ရှိပါတယ်" လို့ ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့်တက်လာဖို့ အချိန်နီးလာပြီး မသေချာမှုတွေ ရှိနေတဲ့အချိန်မှာ ဒီအစည်းအဝေးကို လုပ်ဖြစ်သွားတာ ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ယားဟူကတော့ ဒီလို အစည်းအဝေးပွဲမျိုးဟာ ခေတ်ဟောင်းမှာ ကျန်ခဲ့ပြီး အသုံးမဝင်တော့ဘူးလို့ ပြောပါတယ်။

အစ္စရေးလူဦးရေ ခြောက်သိန်းလောက် နေထိုင်နေပြီဖြစ်တဲ့ ပါလက်စတိုင်း အနောက်ဘက်ကမ်းခြေက အခြေချ အိမ်ယာတွေဟာ တရားမဝင်ဘူးလို့ ကုလသမဂ္ဂက လတ်တလောက ဆုံးဖြတ်ထားခဲ့ပေမယ့် အစ္စရေးက ဒါကို လက်မခံခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ