ဆမ်ဆောင်းဒုဥက္ကဋ္ဌကို ဖမ်းဖို့ ဆိုင်းငံ့ထား

  • 15 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီလို စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လက ပါလီမန်က မစ္စတာ လီကို ခေါ်ယူ မေးခွန်းထုတ်ခဲ့ပေမယ့် သူက ဒါတွေကို ငြင်းဆိုထားခဲ့

ဆမ်ဆောင်းကုမ္ပဏီ ဒုဥက္ကဋ္ဌ တောင်ကိုရီးယားသမ္မတရဲ့ နိုင်ငံရေးအရှုပ်တော်ပုံမှာ လာဘ်ထိုးမှုကိစ္စနဲ့ ဖမ်းမယ့် အစီအစဉ်ကို တနင်္လာနေ့ကျမှ ဆုံးဖြတ်မယ်လို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေက ပြောပါတယ်။

ဒီကိစ္စရဲ့ အကြောင်းအရာ ရှုပ်ထွေးမှု နဲ့ စီးပွားရေးအရ သက်ရောက်မှု ပမာဏအပေါ် မူတည်ပြီး စစ်ဆေးရဦးမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဆမ်ဆောင်းဥက္ကဋ္ဌရဲ့ သားလည်းဖြစ်တဲ့ ဒုဥက္ကဋ္ဌ လီဂျေယန်းဟာ တောင်ကိုရီးယားသမ္မတအကြံပေးရဲ့ ပရဟိတ အဖွဲ့အစည်းကို လာဘ်ထိုးတဲ့အနေနဲ့ ငွေလှူတယ်လို့ သံသယ ရှိခံရတာ ဖြစ်ပါတယ်။

အခုလို လာဘ်ထိုးခဲ့တဲ့အတွက် ဆမ်ဆောင်းနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၂ခု ပေါင်းစည်းရေးကို တရားဝင် ဖြစ်အောင်လုပ်နိုင်ခဲ့တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

ဒီလို စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လက ပါလီမန်က မစ္စတာ လီကို ခေါ်ယူ မေးခွန်းထုတ်ခဲ့ပေမယ့် သူက ဒါတွေကို ငြင်းဆိုထားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ