ရုရှား အပေါ် ထရမ့် အလုံးစုံ နားမလည်ဘူးလို့ CIA ဒါရိုက်တာ ဝေဖန်

  • 15 ဇန်နဝါရီ 2017
Image caption CIA ညွှန်ကြားရေးမှုး နေရာက ဖယ် ပေးရတော့မယ် ဂျွန် ဘရင်နန်

ရုရှား ရဲ့ အပြုအမူတွေ၊ ရည်ရွယ်ချက် တွေနဲ့ သူတို့မှာ ဘယ်လောက် လုပ်နိုင် ကိုင်နိုင်စွမ်း ရှိတယ် ဆိုတဲ့ အချက်တွေ အပေါ် အမေရိကန် သမ္မတသစ် ဖြစ်လာမယ့် ဒေါ်နယ်ထရမ့် အနေနဲ့ အပြည့်အဝ နားလည် ထားမှု မရှိဘူး ဆိုပြီး အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ CIA အဖွဲ့ရဲ့ ညွှန်ကြားရေးမှုး နေရာက ဖယ် ပေးရတော့မယ် ဂျွန် ဘရင်နန်က ပြောလိုက်ပါတယ်။

ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာတဲ့ အခါ ရုရှား အပေါ် အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု တွေကို ပြန်လည် ဖယ်ရှားမယ် ဆိုရင် အင်မတန် သတိကြီးကြီး ထားပြီးမှ လုပ်ဆောင် သင့်တယ်လို့ မစ္စတာ ဘရင်နန်က ပြောပါတယ်။

ရုရှား အစိုးရ ဘက်က လုပ်ပုံ လုပ်နည်းတွေ မပြောင်းလဲ သ၍ ပိတ်ဆို့မှုတွေ မဖယ်ရှား သင့်ဘူး လို့လည်း မစ္စတာ ဘရင်နန်က ဆိုပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကာလ တုန်းက ရုရှားက ကွန်ပြူတာ ထွင်းဖောက် တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့တယ် ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေး ဌာနတွေရဲ့ တွေ့ရှိမှု တွေ အပေါ် မစ္စတာ ထရမ့်က အရေးကြီးတဲ့ ကိစ္စ မဟုတ်သလို မျိုး သဘောထားတွေ ပြသ ခဲ့တဲ့ အပေါ်မှာလည်း မစ္စတာ ဘရင်နန်က ဝေဖန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ