အစ္စရေး-ပါလက်စတိုင်း အရေး ၂ ပြည်ထောင်ဝါဒကို လိုက်နာဖို့လို

  • 15 ဇန်နဝါရီ 2017
Image caption ဂျေရူဆလင် မြို့ဟောင်း နောက်ခံနဲ့ ဓာတ်ပုံ ရိုက်နေတဲ့ တူရကီက လာတဲ့ ခရီးသည်တွေ။

အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ပြည်ထောင် ထားရှိပြီး အပြန်အလှန် အသိအမှတ် ပြုရေး မူဝါဒ အပေါ် လိုက်နာ ကြဖို့ နိုင်ငံပေါင်း ၇ဝ ကျော် နဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေက တိုက်တွန်း လိုက်ပါတယ်။

ပြင်သစ် နိုင်ငံ ပဲရစ် မြို့တော်မှာ ဇန်နဝါရီလ ၁၅ ရက် ၊ စနေနေ့က အရှေ့အလယ်ပိုင်း ဒေသ ရေးရာ ကိစ္စတွေ အပေါ် ဆွေးနွေး ကြတဲ့ ညီလာခံ ကျင်းပ ခဲ့ပါတယ်။

ညီလာခံ အပြီး ထုတ်ပြန်ချက်ထဲ အခုလို အစ္စရေး-ပါလက်စတိုင်း အရေး ပါဝင် တာဖြစ်ပြီး၊ ရှေ့ဆက် ညှိနှိုင်း ဆောင်ရွက် ရမှာတွေကို ပျက်လိုပျက်စီး ဖြစ်စေမယ့် လုပ်ရပ် တွေကို ဘယ်ဘက်ကမှ မကျူးလွန် ကြဖို့ တိုက်တွန်း ထားပါတယ်။

အမေရိကန် သမ္မတသစ် အဖြစ် ဒေါ်နယ်ထရမ့် ဆက်ခံ လာတော့မယ့် အခုလို အချိန်၊ အရှေ့အလယ်ပိုင်း အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ မူဝါဒ မသေချာ မရေရာ ဖြစ်နေချိန်မှာ အခုလို ပဲရစ် ညီလာခံ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

ဘာမှ အကျိုးမရှိတဲ့ ညီလာခံပဲလို့ ပဲရစ်မြို့ ဆွေးနွေးပွဲကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟုက ရှုတ်ချ ပြောဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ