နေတိုးကဏ္ဍ မရှိတော့ဆိုတဲ့ ထရမ့်စကား ဂျာမနီတုံ့ပြန်

  • 16 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် DON EMMERT
Image caption ထရမ့်နဲ့ ဂျာမနီ အပြန်အလှန်

နေတိုးခေါ် မြောက်အတ္တလန်တိတ် စာချုပ် အဖွဲ့ရဲ့ အခန်း ကဏ္ဍ မရှိတော့ဘူးလို့ အမေရိကန် သမ္မတသစ် အဖြစ် ရွေးကောက်ခံ ထားရတဲ့ ဒေါ်နယ်ထရမ့် ရဲ့ ပြောဆိုမှုဟာ စိုးရိမ်စရာဖြစ်စေကြောင်း နဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး အဖြစ် လျာထားခံရသူရဲ့ ရပ်တည်ချက်နဲ့လည်း ဆန့်ကျင်နေတယ်လို့ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

မစ္စတာ ထရမ့်ရဲ့ ပြောဆိုမှုက ဘရပ်ဆဲမှာ ရှိတဲ့ အဖွဲ့ဝင် နိုင်ငံတွေကို စိုးရိတ်စိတ်တွေ ဖြစ်စေတယ်၊ နေတိုး အတွင်းရေးမှူးချုပ်နဲ့ စကားပြောခဲ့ တော့လည်း ဒေါ်နယ်ထရမ့် ရဲ့ ပြောဆိုမှုကို စိုးရိမ်မိကြောင်း ပြောတယ်လို့ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဖရန့် ဗော်လတာ ရှတိုင်းမိုင်ယာက ပြောသွားတာပါ။

အမေရိကန် အစိုးရ အနေနဲ့ နေတိုး အဖွဲ့နဲ့ ပိုကောင်းမွန်တဲ့ အပေးအယူ စာချုပ်မျိုး ရှိဖို့ လိုနေပြီ၊ တခြား နိုင်ငံတွေကလည်း ထိုက်တန်တဲ့ ထည့်ဝင်မှုတွေ ပိုလုပ်ဖို့ လိုတယ်လို့ မစ္စတာ ထရမ့် ပြောခဲ့တာကို ဂျာမန် နိုင်ငံခြားရေး ဝန်ကြီးက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စောစောပိုင်းက မစ္စတာ ထရမ့်က ဂျာမန် ဝန်ကြီးချုပ် Angela Merkel က ရွှေ့ပြောင်း ဝင်ရောက်သူ တသန်း ကျော်ကို ခိုလှုံခွင့် ပေးတာဟာလည်း အန္တရာယ် ကြီးမားတဲ့ အမှားပဲလို့ ပြောဆိုမှုကို ဒုတိယ ဝန်ကြီးချုပ်က ပြတ်ပြတ်သားသား ပြန်လည် တုံ့ပြန်လိုက်ပါတယ်။

အမေရိကန် သမ္မတသစ် အဖြစ် ရွေးကောက်ခံ ထားရတဲ့ဒေါ်နယ်ထရမ့် က သူသမ္မတ တာဝန်ယူချိန်မှာ အမေရိကန် အတွက် ပိုမို မျှတတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ရအောင် ဖန်တီးဖို့နဲ့ နယ်စပ်တွေကို ခိုင်မာအောင် လုပ်ဖို့ ဦးစားပေး ဆောင်ရွက်မယ်လို့ ပြောပါတယ်။

Times of London နဲ့ the German သတင်းစာ Bild တို့နဲ့ တွေ့ဆုံ မေးမြန်းရာမှာ မစ္စတာ ထရမ့်က အမေရိကန်နဲ့ ကျန်တဲ့ ကမ္ဘာ့နိုင်ငံများကြား စီးပွားရေး ဆောင်ရွက်ချက်တွေကို ပြင်ဆင်လိုကြောင်း ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှု၊ အထူးသဖြင့် တရုတ်နဲ့ ကုန်သွယ်မှုမှာ လိုငွေပြမှုကိုသူ လျှော့ချ င်တယ်လို့ မစ္စတာ ထရမ့်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ