ရိုးလ်ရွိုက်စ်က ဒေါ်လာ သန်း ၈ဝဝ ပေးပြီး အမှုတွေကို ကျေအေး စေမယ်

  • 16 ဇန်နဝါရီ 2017
Image caption ကြားခံ ပွဲစား တွေကြောင့် ပြဿနာ တွေ ပေါ်ပေါက်

အင်ဂျင်စက်တွေ ထုတ်လုပ်တဲ့ ဗြိတိသျှ ကုမ္ပဏီကြီး ရိုးလ်စ်ရွိုက်စ် ဟာ သူတို့ စွဲဆို ခံထား ရတဲ့ လာဘ်ပေးမှု၊ အကျင့်ပျက်မှု တွေကို ရုံးတော် ပြင်ပမှာ ကျေအေးဖို့ စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၈ဝဝ ပေးဆောင်မယ် ဆိုပြီး ဗြိတိန်၊ အမေရိကန်နဲ့ ဘရာဇီး အာဏာပိုင် တွေနဲ့ကြား မူအားဖြင့် သဘောတူမှု ရရှိ လိုက်ပါတယ်။

အင်ဒိုနီးရှားနဲ့ တရုတ် အပါအဝင် ပြည်ပ စျေးကွက် တော်တော်များများမှာ ရိုးလ်စ်ရွိုက်စ် ကုမ္ပဏီက အသုံးပြု ခဲ့တဲ့ ကြားပွဲစား တွေ ကျူးလွန်ခဲ့တဲ့ လာဘ်ပေးမှု တွေ အပါအဝင် အကျင့်ပျက် ခြစားတဲ့ ပြဿနာတွေနဲ့ ဆက်စပ်ပြီး အခုလို ပေးဆောင်ဖို့ ကုမ္ပဏီ ဘက်က သဘော တူခဲ့တာ ဖြစ်ပါတယ်။

ရိုးလ်စ်ရွိုက်စ်ဟာ ဂျက် လေယာဉ်ပျံတွေ၊ သင်္ဘောတွေနဲ့ နျူကလီယာ စွမ်းအင်သုံး ရေငုပ် သင်္ဘောတွေရဲ့ အင်ဂျင်စက် တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။

ပြည်ပ စျေးကွက်တွေ အတွက် သူတို့ အသုံးပြု ခဲ့တဲ့ ကြားခံ ပွဲစား တွေကြောင့် ပြဿနာ တွေ ပေါ်ပေါက် နေတယ် ဆိုတဲ့ အကြောင်း ၂ဝ၁၂ ကတည်းက ဗြိတိသျှ အာဏာပိုင် တွေကို အသိပေး အကြောင်းကြား ခဲ့ပြီး၊ လိုအပ်တာ မှန်သမျှ အပြည့်အဝ ပူးပေါင်း ဆောင်ရွက် ခဲ့တယ် လို့ ရိုးလ်စ်ရွိုက်စ် ကုမ္ပဏီက ဆိုပါတယ်။

အခု ဘဏ္ဍာနှစ် အတွင်း ကုမ္ပဏီက ရခဲ့တဲ့ အကျိုးအမြတ် စာရင်းကို ရှေ့လထဲ ရိုးလ်စ်ရွိုက်စ် က ထုတ်ပြန် ပေးမှာ ဖြစ်ပြီး၊ သူတို့ ပေးဆောင်မယ် ဆိုတဲ့ ငွေကြေး ပမာဏ ကို ဘယ်လို ဘယ်ပုံ လက်တွေ့ ပေးမှာလည်း ဆိုတာကိုလည်း အသိပေး သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ