အီးယူအပေါ် ထရမ့် ပြောစကား ဂျာမနီ ခေါင်းဆောင် တုံ့ပြန်

  • 16 ဇန်နဝါရီ 2017
Image caption ဥရောပ တခွင် ပိုပြီး သွေးစည်း ညီညွတ်ဖို့လို့

အခု ရက်ပိုင်း ထဲမှာပဲ အမေရိကန် သမ္မတသစ် ဖြစ်လာတော့မယ့် ဒေါ်နယ် ထရမ့်က ဥရောပ သမဂ္ဂ အီးယူ ထဲကနေ ဗြိတိန် နှုတ်ထွက်ဖို့ ဆုံးဖြတ် ချက် အပေါ် ချီးကျူး ပြောဆို ခဲ့တဲ့ အပေါ် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ်က တုံ့ပြန် လာပါတယ်။

ဒီလို အပြောတွေ အတွက် အကောင်းဆုံး တုံ့ပြန်ရမယ့် နည်းကတော့ ဥရောပ တခွင် ပိုပြီး သွေးစည်း ညီညွတ် ပြဖို့ပဲလို့ ဝန်ကြီးချုပ် မာ့ခဲလ်က ဆိုပါတယ်။

ဥရောပ ရဲ့ သီးသန့် စရိုက် လက္ခဏာ တွေ ထိန်းသိမ်းဖို့ ဆက်လက် ကြိုးပမ်း သွားမှာ ဖြစ်သလို၊ ၂၁ ရာစု အတွင်း ကြုံလာရတဲ့ အခက်အခဲ ပြဿနာ တွေ ကို ကိုင်တွယ်ဖို့ လိုက်လျော ညီထွေ ဖြစ်မယ့် မူဝါဒ တွေ လည်း ချမှတ် ရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် မာ့ခဲလ်က ဆိုပါတယ်။

ဂျာမနီ အနေနဲ့ ဒုက္ခသည် တစ်သန်း ကျော်ကို လက်ခံ ခဲ့တာ မဟာ အမှားပဲ ဆိုတဲ့ ထရမ့်ရဲ့ စကား အပေါ် မှာလည်း ဝန်ကြီးချုပ် မာ့ခဲလ်ရဲ့ လက်ထောက်၊ ဒုဝန်ကြီးချုပ် ဇိဂ်မာ ဂါဘရီရဲလ်က နှုတ်လှန် ထိုး ခဲ့တာမှာ လူတွေ ပြောင်းရွှေ့ ဝင်ရောက်မှု ပြဿနာ ပေါ်ပေါက် လာရတာ ကိုက အရှေ့အလယ်ပိုင်း ဒေသ အတွင်း အမေရိကန်ရဲ့ အပြုအမူ တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ