အိုဘားမား သမ္မတ လက်ကျန် ရက်တွေမှာ လွတ်ငြိမ်းခွင့်တွေ ပေးနေ

  • 17 ဇန်နဝါရီ 2017
Image caption ဝီကီလိခ် ဝက်ဘ်ဆိုက်ကို အရေးကြီး စာရွက်တွေ လက်ဆင့် ကမ်းခဲ့သူ။

အမေရိကန် ပြည်ထောင်စုမှာ ထိပ်တန်း လျှို့ဝှက် စာရွက် စာတမ်းတွေ ပေါက်ကြား စေခဲ့မှုနဲ့ ထောင် ၃၅ နှစ် ချခံထားရတဲ့ စစ်သားဟောင်း ချယ်ဆီ မဲန်နင်းကို သမ္မတ အိုဘားမားက ပြစ်ဒဏ် ကနေ လျှော့ပေါ့ သက်ညှာ ပေးလိုက်ပါတယ်။

အီရတ်မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ဘရက်ဒ်လီ မဲနင် အမည်ရှိတဲ့သူဟာ နောက်ပိုင်းမှာ အမျိုးသမီး အဖြစ်ပြောင်းလဲ ခံယူပြီး အမည်ပါ ပြောင်းလဲခဲ့ပါတယ်။ သူဟာ လာမယ့် မေလထဲမှာ ပြန်လွတ်လာမယ် ဆိုပြီး အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

စစ်ရေးနဲ့ သံတမန်ရေး ဆိုင်ရာ အရေးကြီးတဲ့ အချက်အလက် တွေ ပါဝင်တဲ့ စာရွက်စာတမ်း ပေါင်း ၇ သိန်းခွဲ လောက် အထိကို ဝီကီလိခ် ဝက်ဘ်ဆိုက်ကို ပေးခဲ့တဲ့ အတွက် အပြစ် ရှိတယ် ဆိုပြီး ချယ်ဆီ မဲန်နင်းကို ၂ဝ၁၃ ခုနှစ် မှာ ပြစ်ဒဏ် ချမှတ် ထားတာ ဖြစ်ပါတယ်။

တခါ၊ အီရန်ရဲ့ နျူကလီယာ အစီအစဉ် အပေါ် ဆိုင်ဘာ တိုက်ခိုက် ခဲ့တဲ့ အကြောင်း ပေါက်ကြားမှု ကို FBI ထောက်လှမ်းရေးက စုံစမ်း စစ်ဆေးတုန်း မဟုတ်မမှန် ထွက်ဆို ခဲ့လို့ ပြစ်ဒဏ် ချမှတ် ခံထားရတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဂျိမ်းစ် ကာ့ထ်ရိုက် ကိုလည်း သမ္မတ အိုဘားမားက လွတ်ငြိမ်း ချမ်းသာခွင့် ပေး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ