၄၅ ယောက်မြောက် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်

  • 21 ဇန်နဝါရီ 2017
Image caption သမ္မတ သစ် ကျမ်းသစ္စာကျိန်ဆို ပွဲ ကို သိန်းနဲ့ ချီတဲ့ အမေရိကန် ပြည်သူတွေ တက်ရောက် ခဲ့

အမေရိကန် နိုင်ငံမှာတော့ သူဌေး ကြီး ဒေါ်နယ် ထရမ့် ဟာ ၄၅ ယောက် မြောက် သမ္မတ အဖြစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန် ဆို ခဲ့ပါတယ်။

ကျမ်းကျိန်ပွဲ မိန့်ခွန်း ထဲမှာတော့ အမေရိကန် သာလျှင် ပထမ ဖြစ်စေ ရမယ်လို့ ဒေါ်နယ် ထရမ့် က ကတိပေး ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် နယ်စပ် တွေကို ကာကွယ်မယ်၊ ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်လည် ဖန်တီးမယ်၊ တိုင်းပြည် ကို ကြွယ်ဝ အောင် လုပ်ဆောင်မှာ ဖြစ်ပြီး တော့ အမေရိကန် နိုင်ငံသား တွေရဲ့ အိပ်မက် ကို အကောင်အထည် ဖော် မယ်လို့ ပြောကြား သွားခဲ့ပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ မိန့်ခွန်း နဲ့ ပတ်သက်လို သူဟာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး စဉ် က ပြောကြားခဲ့တဲ့ ကတိ စကားတွေကို အကောင် အထည် ဖော် ဖို့ အတွက် ကျမ်းကျိန် မိန့်ခွန်း ထဲမှာ အတည်ပြု ခဲ့တာ ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူတွေ က သုံးသပ် နေပါတယ်။

ဝါရှင်တန် မြို့တော်မှာ ကျင်းပ တဲ့ သမ္မတ သစ် ကျမ်းသစ္စာကျိန်ဆို ပွဲ ကို သိန်းနဲ့ ချီတဲ့ အမေရိကန် ပြည်သူတွေ တက်ရောက် ခဲ့ကြပြီး ကမ္ဘာ တစ်ဝှန်း မှာလည်း အွန်လိုင်း ကနေ သာမက ရုပ်မြင်သံကြားကနေ ပါကြည့်ရှု ခဲ့ကြပါတယ်။

ဝါရှင်တန် ဒီစီ က အိမ်ဖြူတော် နဲ့ သူတို့ဆီက ကွန်ကရက် လွှတ်တော်မှာ သိန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေ လမ်းမတွေ ရဲ့ ဘေး ကနေ သမ္မတသစ် ဒေါ်နယ် ထရမ့် သမ္မတ အဖြစ်တာဝန် လက်ခံယူတဲ့ ပွဲ ကို အချိန်အစောကြီးကတည်းက လာစောင့် ကြပြီး ကြည့်ရှုခဲ့ကြပါတယ်။

ဒီထဲက လူအများအပြား ကလည်း ခရီးဝေး ကနေလာကြတဲ့သူတွေလည်းအများအပြားပါ။ သမ္မတဟောင်းနဲ့ သမ္မတသစ်တို့ အိမ်ဖြူတော်မှာ ဒေသစံတော်ချိန် သောကြာနေ့ မနက်ပိုင်း ကတည်းက တွေ့ကြ နောက်ပြီး သူတို့ ကို တင်ဆောင်ထားတဲ့ ကားတန်းကြီး တွေ က သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုမယ့် ကွန်ကရက် လွှတ်တော် ကို သွားကြတာ၊ အခမ်းအနားကို ပိုကြွစေတဲ့ ဘင်ခရာတီးဝိုင်းတွေ အသံတွေ နဲ့ စိတ်လှုပ်ရှား စရာ တက်ကြွစရာ မြင်ကွင်းတွေ ကို သူတို့မြင်ခဲ့ကြရပါတယ်။

Image caption အမေရိကန် သာလျှင် ပထမ ဖြစ်စေ ရမယ်လို့ ဒေါ်နယ် ထရမ့် က ကတိပေး ပြောကြား

ဒီနေ့အခမ်းနား မှာ ကို စောင့်ကြည့်အားပေးနေတဲ့ ပရိသတ်ထဲက တယောက် က သိပ်ကို စိတ်ချမ်းမြေ့စရာ ကောင်းတယ် ။ အရင် တုန်းကတော့ ဒီလိုနေ့မျိုးဖြစ်လာမှာ မဟုတ်ဘူလို့ထင်ခဲ့တာ အခုတော့ နောက်ဆုံးဖြစ်လာပြီလို့ ဆိုသွားပါတယ်။

အမျိုးသား တယောက်ကလည်း ဒီကို လေယာဉ်စီးလာခဲ့ပြီး ဒီပွဲကို ကြည့်ဖို့ လာခဲ့တာ။ သိပ်ကို စိတ်လှုပ်ရှား စရာ ပဲ လို့ ဆိုနေကြပါတယ်။

သမ္မတ တို့အတွက် တောင်းဆုချွေသံတွေ ကလည်း လူအုပ်ကြီး ရဲ့အာရုံ ကို ဆောင်ယူနိုင်စေခဲ့ပါတယ်။

မစ်ဆိုရီ ယူနီဗာစီတီ က ကယ်ရို သီချင်း ကလည်း ပရိသတ် ရဲ့ အာရုံကို ဖမ်းစား နိုင်ခဲ့ပါတယ်။ ဒီလို လူတွေများစွာရဲ့ အာရုံဟာ နေ့လည်ပိုင်း တချိန်အဲဒီအချိန် က ကွန်ကရက်လွှတ်တော်ခြေရင်း အဲဒီနေရာမှာ လည်း သမ္မတဟောင်းတွေအပါအ၀င် တက်ရောက်လာတဲ့ ဂုဏ်သရေရှိ လူများစွာရဲ့ရှေ့မှောက်မှာ သမ္မတသစ် ဒေါ်နယ်ထရမ့် က တရားသူကြီးချုပ်ရဲ့ ရှေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မှာ ကို စိတ်လှုပ်ရှား စွာနဲ့ တက်ရောက် လာတဲ့ လူထု ကြီးက စူးစိုက် အာရုံရောက်ခဲ့ကြပါတယ်။

အမေရိကန်ရဲ့ ၄၅မြောက်သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုသွားတဲ့ ဒေါ်နယ်ထရမ့်ဟာ သူ့အစိုးရလက်ထက်မှာ အမေရိကန်ရဲ့ကိုယ်ကျိုးစီးပွားနဲ့ ပြည်သူ တွေကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်အောင်ပထမဉီးစားပေးလုပ်သွားမယ်လို့ လည်း မိန့်ခွန်းပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ