ထရမ့် ဆန့်ကျင်ရေး ဆန္ဒပြမှု အမေရိကန် မှာ ဖြစ်ပွား

  • 22 ဇန်နဝါရီ 2017
Image caption ဥရောပ တလွှား နဲ့ အာရှ နိုင်ငံ အချို့မှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကို ဆန့်ကျင် တဲ့ ဆန္ဒ ပြပွဲတွေကို ကျင်းပ ခဲ့

အမေရိကန် သမ္မတ သစ် ဒေါ်နယ် ထရမ့် ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့က သမ္မတ အဖြစ် ကျမ်း သစ္စာ ကျိန် ဆိုခဲ့ပြီးနောက် ၂၁ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံ တစ်ဝှန်းမှာ သူ့ကို ဆန့်ကျင်တဲ့ ဆန္ဒ ပြပွဲတွေ ဖြစ်ပွား နေပါတယ်။

ဒါ့အပြင် အမျိုးသမီး အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ တွေ ကလည်း ဥရောပ တလွှား နဲ့ အာရှ နိုင်ငံ အချို့မှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကို ဆန့်ကျင် တဲ့ ဆန္ဒ ပြပွဲတွေကို ကျင်းပ ခဲ့ပါတယ်။

အမေရိကန် နိုင်ငံ မြို့တော် ဝါရှင်တန် ဒီစီ မှာ ကျင်းပ တဲ့ ဆန္ဒပြပွဲ မှာ ပူးပေါင်း ပါဝင်တဲ့ ဆန္ဒပြသူ အင်အား အလွန် များပြားတဲ့ အတွက် အိမ်ဖြူ တော် ကို သွားတဲ့ လမ်း အတိုင်း ချီတက် ဆန္ဒပြခြင်း မလုပ် နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒေါ်နယ် ထရမ့် သမ္မတ အဖြစ် ကျမ်းကျိန် တုန်း က လည်း သူ့ကို ဆန့်ကျင် ဆန္ဒပြခဲ့သူတွေ ရှိခဲ့ပေမယ့် အခု ဆန္ဒပြပွဲ ဟာ လူပိုများ ပြီး ဟောလီးဝုဒ် အကျော်အမော် တွေ ဖြစ်တဲ့ မက်ဒေါနား၊ စကားလက် ဂျိုဟန်ဆန် တို့လည်း ဆန္ဒပြပွဲမှာ ပါဝင် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ