သတင်းဌာနတွေ မရိုးသားလို့ ထရမ့်ပြော

  • 22 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အခုလို လိမ်ညာ ဖော်ပြမှုဖြစ်တယ်ဆိုတာကို သက်သေပြတဲ့ ဓါတ်ပုံကိုလည်း နယူးယော့တိုင်းမ် သတင်းစာမှာ ဖော်ပြထားပြီးသားလို့ မစ္စတာ စပိုက်ဆာက ဓါတ်ပုံနဲ့ တွဲပြီး ရှင်း

အမေရိကန် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ တက်ရောက်တဲ့ လူအရေအတွက်ကို သတင်းဌာနတွေက လိမ်လည် ဖော်ပြခဲ့တယ်လို့ သမ္မတ မစ္စတာ ထရမ့်နဲ့ အိမ်ဖြူတော် အဖွဲ့ဝင်တွေက စွပ်စွဲလိုက်ပါတယ်။

မစ္စတာ ထရမ့်က သူ့ပွဲကို တက်တဲ့သူ တသန်းလောက်ရှိနိုင်တယ်လို့ ပြောပေမယ့် ပြီးခဲ့တဲ့ အိုဘားမားရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲထက် တက်ရောက်သူ ပိုနည်းတယ်လို့ ဖော်ပြမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

သမ္မတသစ်ရဲ့ ပြန်ကြားရေး အတွင်းရေးမှူး ရွှန်စပိုက်ဆာကလည်း မစ္စတာ ထရမ့်ရဲ့ ပွဲဟာ တွေ့ဖူးသမျှ လူအများဆုံးတက်တဲ့ ပွဲဖြစ်ပြီး နိုင်ငံ ညီညွတ်ဖို့ လိုနေတဲ့အချိန်မှာ အခုလို သတင်းဌာနတွေက မရိုးသားဖော်ပြတဲ့အတွက် ကိုယ့်လုပ်ရပ် ကိုယ်တာဝန်ယူရမယ်လို့ ပြောပါတယ်။

အခုလို လိမ်ညာ ဖော်ပြမှုဖြစ်တယ်ဆိုတာကို သက်သေပြတဲ့ ဓာတ်ပုံကိုလည်း နယူးယော့တိုင်းမ် သတင်းစာမှာ ဖော်ပြထားပြီးသားလို့ မစ္စတာ စပိုက်ဆာက ပြောပါတယ်။

သတင်းဌာနတွေနဲ့ စကားလုံးတိုက်ပွဲဝင်နေရတယ်လို့ဆိုခဲ့ဖူးတဲ့ ဒေါ်နယ်ထရမ့်ကလည်း သတင်းဌာနတွေဟာ ကမ္ဘာပေါ်မှာ မရိုးသားဆုံး ပုဂ္ဂိုလ်တွေပဲလို့ ပြောလိုက်ပါတယ်။

ဒီကျမ်းသစ္စာ ကျိန်ဆိုပွဲကို ကြီးကြပ်တဲ့ နိုင်ငံတော် ဥယျာဉ် ဝန်ဆောင်မှုဌာနဟာ ကျင်းပတဲ့ ဝါရှင်တန် မော မှာ ခန့်မှန်းလူဦးရေ ဘယ်လောက်တက်တယ်ဆိုတာကို မထုတ်ပြန်တော့တာ ၁၉၉၀ နောက်ပိုင်းကတည်းက ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ